"ကလေး ဘာအနံ့ရလဲ?"
ပန်းအိုးလေးကို ကလေးရဲ့ နှာဖျားနားကပ်ပေးလိုက်သည်။
"ပန်းအနံ့လိုလို ဘာလိုလိုနဲ့ ဘာကြီးလဲ?"
"ပန်းအိုးလေ ကလေးရဲ့ ပန်းလေးရဲ့ နာမည်က ဒန်းပန်းတဲ့.... သူ့မှာလည်း သူ့ကိုယ်ပိုင် အဓိပ္ပာယ်ရှိတယ် ကလေးသိလား"
ကလေးအံ့သြနေတဲ့ပုံလေးသည် ချစ်ဖို့ကောင်းလွန်း၍ ထိုကလေးကို စပရိုက်တွေ နေ့တိုင်း တိုက်ပစ်ချင်သည်။
ဒီနေ့လည်း မနက်အစောကြီး ကလေးအိပ်နေချိန် ခိုးထကာ ဈေးကို အပြေးအလွှားသွားကာ ဒန်းပန်းအိုးလေး ဝယ်ယူခဲ့ခြင်းဖြစ်သည်။
"ဘဝကို အရှုံးမပေးနဲ့တဲ့!"
သူမပြောတာကို နားစွင့်နေသော ထိုကလေးသည် ထပ်ဆင့် အံ့သြသွားပုံရသည်။ ထို့နောက် ကလေးရဲ့ လက်လေးထဲကို ပန်းအိုးလေး ထည့်ပေးလိုက်သည်။
"အဖူးလေးတွေရောပါတယ်... ပန်းပွင့်လေးတွေ မြန်မြန် ပွင့်လာစေချင်ရင် ဂီတသံလေးပေးနားထောင်ရတယ်တဲ့"
ပြောရင်း Westlifeရဲ့ "Try Again" သီချင်းလေး ဖွင့်ထားလိုက်သည်။
🎶 Try again
Never stop believing
Try again
Don't give up on your love..🎶
ပန်းအိုးလေးကို ကိုင်ထားရင်း တဖြည်းဖြည်းနဲ့ ငိုလာတဲ့ ကလေးကို ဖက်ထားရင်း ကျောလေးကို ပွတ်သပ်ပေးမိသည်။
သူမ ဝမ်းသာမိသည်၊ depression ကျနေသူတစ်ယောက်အဖို့ ငိုနိုင်သေးတယ်ဆိုတာ ဆိုးရွားတဲ့ အခြေအနေမရောက်ဟု သုံးသပ်နိုင်သည်။
ငိုလည်းမငိုနိုင်၊ ဒေါသလည်းမထွက်နိုင်၊.... တော့မှ အဆိုးရွားဆုံးအခြေအနေဖြစ်ပြီး suicideလုပ်ကြကြောင်း သိရသည်။
ကလေးရဲ့ အခြေအနေကောင်းစပြုလာပြီဟု ဆိုရမည်။ အငိုတိတ်သွားမှ ဖတ်ထားရာက ခွာလိုက်ပြီး
"လောကကြီးမှာ လူတွေက ကိုယ်ဆုံးရှုံးသွားတဲ့ အရာတွေကိုပဲ တသနေမိတာ ကိုယ့်မှာ ပိုင်ဆိုင်နေသေးတဲ့ အရာတွေကို မေ့ပျောက်နေကြတာများတယ်...
ဥပမာ ကလေးမှာဆို စကားသံ၊ သီချင်းသံ စတဲ့အသံတွေကို ကြားနိုင်မယ့် သောတအာရုံ၊
မိုးရွာရင် မြေသင်းနံ့၊ လေတိုက်လာရင် ပန်းနံ့၊ စတာတွေကို ရူရှိုက်နိုင်တဲ့ ဂန္ဓာရုံ၊ အဲ့ဒီ အာရုံတွေ ရှိနေပါသေးတယ် ကလေးရဲ့"
ခေါင်းလေးကို အောက်စိုက်ပြီး ကိုင်ထားတဲ့ ပန်းအိုးလေးကို ပို ဆုပ်ကိုင်လိုက်တဲ့ ကလေးရဲ့ အမူအရာလေးကို ကြည့်ရင်း စကားဆက်မိသည်။
"ကလေးတို့ မမတို့ဆိုတဲ့ ရင်သွေးလူသားတွေ အပေါ်မှာ လိုလေသေးမရှိအောင် ပေးထားတဲ့ မိခင်ကမ္ဘာမြေကြီးက အထူးကြင်နာပြီး အထူးတာဝန်ကျေလှတယ် ကလေးရဲ့ ....
ရှိသေးတဲ့ အာရုံတရားတွေကြောင့် ကလေးဟာ မိခင်ကမ္ဘာမြေနဲ့ အဆက်မပြတ်သေးဘူး... မိခင်ကမ္ဘာမြေကလဲ ကလေးကို အဆက်မဖြတ်ပစ်သေးဘူး"
(တက္ကသိုလ်ဘုန်းနိုင်ရဲ့ လွမ်းစာအုပ်ထဲက စာသားလေးကြိုက်လို့ပါ)
BẠN ĐANG ĐỌC
မိုးည
Lãng mạnအချစ်ကြောင့် ပြောင်းလဲသွားသောသူနှင့် အမုန်းကြောင့် ပြောင်းလဲသွားသောသူ၊ ထိုလူသားနှစ်ဦး၏ ဇာတ်သိမ်းမှာ....
