အပိုင်း (၄)

180 43 17
                                    

သာယာတဲ့မနက်ခင်းလေးမှာ မင်းရဲ့ လက်လေးကို တွဲပြီး လမ်းလျှောက်မယ်
နေ့ခင်းမှာ မင်းရဲ့ ပခုံးလေးကို မှီပြီး သီချင်းနားထောင်မယ်
ညနေခင်းမှာ မင်းကျွေးတာ စားပြီး မင်းရဲ့ နှုတ်ခမ်းတော်လေးကို လိုက်ပွဲအဖြစ် သုံးဆောင်မယ်...
ကိုယ့်ရဲ့ အချိန်တိုင်းကို မင်းပိုင်တယ်...

* * * *

ကလေးရဲ့ လက်လေးတွဲကာ ခြံထဲမှာ လမ်းလျှောက်ကြသည်။ ထိုင်နေကျ ဒန်းလေးနားအရောက်မှာ ကလေးကို ဒန်းပေါ်ထိုင်စေပြီး သူမကတော့ ကလေးနား ရပ်နေသည်။

"ဒီနေ့ မမက ကလေးအတွက် ကမ္ဘာတစ်လွှားက ထူးထူးဆန်းဆန်း ဥပဒေ အချို့အကြောင်းပြောပြမယ်"

ကလေးက စိတ်ဝင်စားသွားဟန်ဖြင့် နားလေး စွင့်နေသည်။

"အိုဟီးအိုး (အမေရိကန်)မှာပေါ့ လိုင်စင်မရှိပဲ ကြွက်သတ်ရင် ရာဇဝတ်မှု မြောက်တယ်...
အစ္စရေးမှာ လိုင်စင်မရှိပဲ စက်ဘီး မစီးရဘူး..

ဆွစ်ဇာလန်တွင် အမျိုးသမီးငယ်တွေက အမျိုးသားတွေနဲ့ လက်ဆွဲခွင့်မရှိဘူး...
အဲ တက္ကဆက်မှာကျ သူများနွားကနေ နို့ထုတ်ရင် ရာဇဝတ်မှုမြောက်တယ်တဲ့"

ပြုံးယောင်သန်းနေသော ကလေးကို တစ်ချက်ကြည့်၍

" ပြင်သစ်ကျတော့ မနေနိုင်ပဲ ရထားဘူတာမှာ နမ်းမိရင် ရာဇဝတ်မှုမြောက်တယ်တဲ့...
တော်သေးတယ်နော် မမတို့က အခန်းထဲမှာမို့"

မျက်စောင်းထိုးရမယ့်အစား ရှက်ပုံရနေသော ကလေးကိုကြည့်ပြီး ရယ်မိသည်။ သူမလေးက ဒီလိုတွေ ချစ်ဖို့ကောင်းနေလို့ ခဏခဏ စချင်နေမိတာ...

"ပြီးတော့ ရှိသေးတယ် ဥပဒေတော့မဟုတ်ဘူး
ရှေးဟောင်းဂျူးလူမျိုးတွေရဲ့ ဓလေ့ထုံးစံအရပေါ့ မိန်းကလေးတစ်ယောက် ဓမ္မတာလာရင် သူမရဲ့အမေက သူမကို ပါးရိုက်ရတယ်တဲ့... တော်သေးတယ်နော် မမတို့ မြန်မာနိုင်ငံမှာ အဲ့လို ဓလေ့မရှိလို့ မဟုတ်ရင် တစ်လတစ်ခါ ပါးရိုက်ခံရမှာ"

"အမေမရှိရင်ရော?"

သွားပြီ သူမ စကားမှားသွားကြောင်းသိရသည်။

"အာ့ဆိုရင်တော့ ပါးမနာတော့တာပေါ့ ကလေးရဲ့"

ကလေးက လက်နှစ်ဖက်ကို ယှက်ပြီး ဘယ်ဘက်လက်မနဲ့ ညာဘက်လက်မကို ကုတ်ဖဲ့နေသည်။ ကလေးရဲ့ ရှေ့မှာ ထိုင်ပြီး
ကလေးရဲ့ လက်လေးနှစ်ဖက်ကို ဆွဲကိုင်ကာ

"ကလေးသိလား... လောကကြီးမှာ စိတ်ချမ်းသာဖို့ဆို အကောင်းမြင်စိတ် မွေးတတ်ရမယ်... မကောင်းတာတွေပဲ တွေးနေရင် လောကကြီးမှာ နေမပျော်တော့ဘူး ဖြစ်လာတတ်တယ်"

သူမပြောတာကို အာရုံစိုက်နေပုံရသော ကလေးကို ဆက်ပြီး

"လူတိုင်းက အကောင်းမြင်တာကို သဘောကျကြပေမယ့် ကိုယ်တိုင် အကောင်းမြင်စိတ်မွေးဖို့ကျတော့ ခက်ခဲနေတယ်...

မိုးညTempat cerita menjadi hidup. Temukan sekarang