အပိုင်း (၂)

222 35 11
                                    

"ဟဲလို... နှင်းလား? မေးစရာရှိလို့ ဖုန်းဆက်လိုက်တာ... ကောင်းမြတ်ဆိုတဲ့တစ်ယောက်ကို သူ့ညီမလေး ဘာကြိုက်တတ်လဲဆိုတာ မေးပေးဦး?"

"အေး... အေး... မေးပေးမယ် နင်ကလည်း ကိုယ့်အလုပ်ရှင်ကို နာမည်ကအစ ခေါ်တာ ချိုချိုသာသာပဲနော်"

"ချိုသာနေရင် သဝန်တိုနေမယ့်သူရှိလို့ ပြတ်ပြတ်ပဲခေါ်တာ ဒါပဲ မအားဘူး... ကလေးကို ကြည့်ရဦးမယ်"

ပြောပြီး ဖုန်းချသွားသော တေးသီသူဆိုတဲ့ မြားနတ်မောင်ဖြစ်ချင်နေတဲ့ တစ်ယောက်ကို မေတ္တာပို့လိုက်သည်။

အခုလည်း ကြည့် နေ့တောင်မကူးသေးဘူး ပထမဆုံးတွေ့ဖူးတဲ့ ညီမလေးကို
ကလေးတဲ့ ပြီးတော့ အမိန့်ကလည်း ပေးသွားသေးတာ မသိရင် သမီးယောင်းမလိုလို ဘာလိုလိုနဲ့ ....

* * * *

ကလေးကြိုက်တတ်တယ်လို့ ပြောတဲ့ ခေါက်ဆွဲပြုတ်ကို ရှယ်ပြုတ်ပြီး အပေါ်ထပ်သို့ ထပ်လာခဲ့သည်။

ဝင်လာစနဲ့ ကွာခြားနေတဲ့ စိတ်ကို သတိထားမိတော့ ရင်တုန်နေခြင်းမဟုတ်ပဲ ရင်ခုန်နေခြင်းပင်။

"ညရောက်တော့မှာဆိုတော့ ကလေး ဗိုက်ဆာနေပြီထင်လို့ ခေါက်ဆွဲပြုတ်လာတာ... စားမယ်မလား?"

ခေါက်ဆွဲပြုတ်ပန်းကန်ကို ကုတင်ဘေးက စားပွဲပေါ်တင်ရင်း နောက်အလှည့် ကြမ်းပြင်ပေါ်တွင် သေးငယ်သော ပိုးဟပ်ကို တွေ့လိုက်သောအခါ

အမလေး... ပိုးဟပ်ကြီးဆိုပြီး နီးရာ ပြေးတက်လိုက်မိသည်။ ပြီးမှ သူမတက်မိတာ ပိုးဟပ်ထက်ဆိုးသော ဂြိုလ်သားကလေးပေါ် ဖြစ်နေကြောင်းသိရသည်။

အသားဖြူဖြူ၊ ဆံပင်တိုလေးနှင့် သိပ်လိုက်သော ကလေးမှာ အနီးကပ်ကြည့်မှ နတ်သက်ကြွေလာသော နတ်သမီးလေးအလားပင်၊ မျက်လုံးဝိုင်းဝိုင်းလေး၊ နှာတံချွန်ချွန်လေး၊ အကြည့်တွေက နှုတ်ခမ်းလေးဆီကို ရောက်တော့ အာခေါင်တွေတောင် ခြောက်လာသည်။အံ့သြနေတဲ့ ကလေးရဲ့ အမူအရာကိုတွေ့မှ သတိဝင်ကာ

"Sor....sorry နော် အမက ပိုးဟပ်ဆို အသေကြောက်တာ"

"ဆင်း!"

ထိုကလေးသာ မျက်စိမြင်ရရင် သူမကို ပြာကျသွားအောင် ကြည့်လိမ့်မည်။ လှဲနေတဲ့သူမကို ဖက်ထားရာကနေ ဖယ်လိုက်ကာ

"အင်... အာ... ဆင်းပြီ... ဆင်းပြီ"

ပိုဆိုးတာက ကလေးမျက်နှာကို အနီးဆုံးမြင်နေရတော့ စိတ်တွေ ဂယောင်ချောက်ချားဖြစ်နေမိသည်။

ဘာပဲဖြစ်ဖြစ် အကြောက်ဆုံးပိုးဟပ်ကို ဒီတစ်ခါတော့ ကျေးဇူးတင်မိသွားသည်။ အကြောင်းရင်းကိုတော့ သူမကိုယ်တိုင်မသိ။

"ဆေးသောက်ရဦးမယ်မလား? အစားလေးတော့ ဝင်အောင်စားလိုက်နော်... မမလည်း ဗိုက်ဆာနေပြီ တနေကုန် ပြေးလွှားနေရတာ ဘာမှမစားရသေးဘူး"

သူမရဲ့ အသနားခံမှု အောင်မြင်သွားသလားမသိ၊

"စားချင်ရင် ကိုယ့်ဘာသာစားပါလား? ပါးစပ်ပါတယ်မဟုတ်ဘူးလား"

မိုးညTempat cerita menjadi hidup. Temukan sekarang