အပိုင်း (၅)

305 43 12
                                        

၅၂၈နဲ့ ၁၅၀၀ မသဲကွဲတဲ့ ချစ်ခြင်းကို ၂၀၂၈ဆိုတဲ့ ချစ်ခြင်းအသစ်ထွင်လိုက်မယ်
ကိုယ် မင်းအပေါ်ထားတဲ့ သံယောဇဉ်တွေကို အရောင်ဆိုးမိခဲ့ပြီ....

"တေးစုတ် ကြည့်စမ်း မတွေ့ရတဲ့အတောတွင်း အသားတွေဖြူလာတာ"

ဧည့်ခန်းထဲကို ရုတ်တရက်ဝင်လာသော နှင်းကြောင့်

"နင်က ဘယ်ကလှဲ့လာတာတုန်း"

"နတ်ပွဲကလေ ကိုကြီးကျော်ထဲက တစ်လုံးတောင် ဆွဲလာသေးတယ် သောက်မလား?"

"သောက်စရာလား! ဘုရားမကြိုက်တာတွေ မလုပ်ဘူး.... ဒါနဲ့ ဒီကို ဘယ်လိုရောက်လာတာလဲ?
မှန်းစမ်း အရင်ကရော လာဖူးတယ်မလား?"

"နှစ်ခါထဲပါဟာ... ပြီးတော့ ထားကို အခုမှ မြင်ဖူးမှာ"

"ထားပါတော့... လာရင်းက?"

"မသိရင် သူက အိမ်ရှင်ကျလို့... အေးပါ အနိုင်ကျင့်ထား၊ ခုဟာက ထားကို ကြည့်ဖို့လာတာ....မျက်လုံးခွဲစိတ်ပေးဖို့ အခြေအနေကောင်းမကောင်း လာကြည့်တာ အဆင်ပြေတယ်ဆို မျက်လုံးအထူးကု ဆရာဝန်ကြီးနဲ့ လွှဲပေးမလို့ "

"မျက်လုံးခွဲဖို့ဆို မျက်ကြည်လွှာလိုတယ် မဟုတ်ဘူးလား?"

"အင်း အဲ့အတွက် ဟိုတစ်ယောက်က စိတ်မပူနဲ့တဲ့ သူအကုန် စီစဉ်ထားပြီးပြီတဲ့"

"အာ့ဆိုရင်တော့ ကလေးအတွက် ဝမ်းသာစရာပေါ့"

"ဘယ်တုန်းက ကလေးတွေဖြစ်သွားတာတုန်း ရှင်ကြီးနော် ကျမကို လျိုဖို့မကြိုးစားနဲ့"

"ကိုယ့်ထက် အများကြီးငယ်လို့ ကလေးလို့ ခေါ်တာပဲကိုး... ထူးဆန်းလို့လား?"

"ကျမအတွက်တော့ ထူးဆန်းပါတယ် အမိ"

"ထားကို ကြည့်မှာမလား အပေါ်ကို လိုက်ခဲ့!"

ကြာရင် ထိုအနှီမလေးကို မရိုးမရိုးဖြစ်နေတာ ပေါ်ကုန်လိမ့်မည်။ ထို့ကြောင့် မြန်မြန်ထမှ ဖြစ်လိမ့်မည်။

"နေပါဦးဟ မှာစရာရှိသေးတယ်... ထားရှေ့မှာ ငါ့ကို နင့်ရဲ့ သူငယ်ချင်းအနေနဲ့ပဲ မိတ်ဆက်ပေး၊ ဆရာဝန်ဆိုတာ ထည့်မပြောနဲ့"

"အခြေအနေသုံးသပ်မလို့လား?"

"အင်း... စိတ်ငြိမ်သွားမှ ခွဲလို့အဆင်ပြေတော့ အရေးကြီးတာက မြင်ချင်တဲ့စိတ်ပဲ"

"အေးပါ... အမြန်ဆုံး အဆင်ပြေနိုင်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့"

* * * *

ဒေါက် ဒေါက် ဒေါက်

"ဝင်လာပြီနော် ကလေး"

ခါတိုင်းဆို တံခါးမခေါက်ပဲ ဝင်နေကျဖြစ်ပေမယ့် ဒီနေ့တော့ နှင်းတစ်ယောက်ကြောင့် တံခါးခေါက်မိသည်။ မဟုတ်ရင် ထပ်စလိမ့်မည်။

"ဒီမှာ ကလေးကို မမ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးချင်လို့ ခေါ်လာတာ"

"တွေ့ရတာဝမ်းသာပါတယ် ညီမလေး... မမက တေးရဲ့ တစ်ဦးတည်းသော သူငယ်ချင်း နှင်းသီတာပါ"

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: May 29, 2019 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

မိုးညDove le storie prendono vita. Scoprilo ora