သူတို့ထမင်းစားပြီးတော့ ဂျွန်မြောင်အိမ်ကကားနှင့် ထွက်လာခဲ့သည်။
လမ်းမှာ လုဟန်နှင့် ဘတ်ဟျွန်းကိုဝင်ခေါ်ရဦးမည်။ဘတ်ဟျွန်းကိုတော့ သူ့အမေပန်းဆိုင်မှာဝင်ခေါ်ပြီး
ယခုလုဟန်ကိုခေါ်ဖို့သူ့အိမ်ရှေ့မှာစောင့်နေရသည်။"ဟောဟဲ....မောလိုက်တာကွာ...မင်းတို့စောင့်နေရတာကြာသွားပြီမလား...ဖေဖေကအလုပ်ကိစ္စနဲ့ အရေးပေါ်ခရီးထွက်ရမှာမို့ပြင်ပေးနေရတာ"
လုဟန်မှာ အဖေတစ်ခု သားတစ်ခုဟုသိရသည်။
သူ့အဖေက တရုတ်ကနေ ကိုရီးယားကုမ္ပဏီခွဲသို့ပြောင်းလာရခြင်းကြောင့်သူပါ ကိုရီးယားမှာနေဖြစ်ခြင်းဖြစ်သည်။သူတို့ ဈေးအတွင်းကိုစုံအောင်ပတ်ဝယ်ပြီး နောက်ဆုံးအနေနှင့် စာရေးကိရိယာဆိုင်ကိုဝင်ဖြစ်သည်။
"မနက်ဖြန် ၇နာရီကျောင်းအရောက်နော်"
ဂျွန်မြောင်က သူ့ဆိုင်မှာညနေစာကျွေးပြီး မပြန်ခင်ပြောလိုက်သည်။
......
မနက်ခင်းရောက်တော့ဂျွန်မြောင် ၄နာရီကျော်ကတည်းက ထပြီးပြင်ဆင်နေမိသည်။
ပစ္စည်းတွေမကျန်ခဲ့အောင်လည်းပြင်ဆင်နေမိသည်။
၆နာရီထိုးတော့ သူအိမ်ရှေ့ကို ထိုသုံးယောက်ကရောက်လာသည်။
အထုတ်တွေနဲ့ဖြစ်နေ၍ လေးယောက်သားတက္ကစီ စီးသွားရန်သာဆုံးဖြတ်လိုက်သည်။
ကျောင်းရောက်တော့ တခြားအတန်းမှ အစ်ကိုတွေရော ဂျူနီယာတွေပါရောက်နေပြီ။
"ပေးဂျွန်မြောင် အစ်ကိုတို့ပါသယ်ပေးမယ်"
ကားရပ်တာနဲ့ အစ်ကို မင်ဆော့နှင့်သူ့သူငယ်ချင်းတွေကအထုတ်တွေလာသယ်ပေးသည်။
"Hyung ပေးပေး လေးတယ်မသယ်ပါနဲ့"
လုဟန်ကတော့ အစ်ကိုမင်ဆော့ လက်ထဲကအထုတ်တွေလုရင်း အထုတ်မသယ်ပေးဘဲထွက်သွားသည်။ကားထွက်တော့ စုစုပေါင်းအယောက် ၃၀ လောက်တော့ရှိမည်။
သူတို့လေးယောက်ရယ် အစ်ကိုမင်ဆော့ရယ် ငါးယောက်သားက အနောက်ဆုံးအတန်းမှာထိုင်သည်။
ကားက လမ်းမှာ နာရီဝက်သာနားသည်။
သူတို့သွားရမည့်နေရာရောက်တော့ ညနေသုံးနာရီခန့်
ရီရှင်း ကားပေါ်ကဆင်းပြီး အားရပါးရ အညောင်းဆန့်မိသည်။
"ရီရှင်း အငြောင်းမဆန့်နေနဲ့ ငါတို့ထပ်သွားရဦးမှာ"
ဘတ်ဟျွန်းကလှမ်းပြောတော့ သူအညောင်းဆန့်နေတာတောင်တန့်သွားသည်။"အခုထိမရောက်သေးဘူးလား"
"မရောက်သေးဘူး...လမ်းထပ်လျှောက်ရဦးမှာ"
"ဟာ...."သူဟာသာထွက်နိုင်တော့သည်။
သူတို့၁နာရီလောက်အထုတ်တွေသယ်ကာလမ်းထပ်လျှောက်ရသည်။
သူတို့ရွာထဲရောက်တော့၅နာရီပင်ထိုးတော့မည်။
ရွာလေးက အတော်ခေါင်သည်။
အိမ်ခြေတစ်ရာလောက်သာရှိမည်။ရီရှင်းအနေနဲ့ထိုရွာမျိုးကို TV ထဲတွင်တောင်မတွေ့ဖူးပေ
ဒါကိုဂျွန်မြောင်တို့ဘယ်လိုရှာတွေ့လာလဲမသိ
ဒါကြောင့်မိန်းကလေးတွေကိုမခေါ်တာဖြစ်လိမ့်မည်။ဂျွန်မြောင်ကတော့ ရွာလူကြီးဆိုသူနှင့်စကား
ပြောနေသည်။သူတို့ကတော့ ရွာ ဟောခန်းကြမ်းပြင်မှာ ငုတ်တုတ်တွေထိုင်ချပစ်လိုက်သည်။
ဟောခန်းဟုဆိုရသော်လည်း သူတို့ ကျောင်းစာသင်ခန်းလောက်ပင်ရှိမည်။
ပေ၂၀ပတ်လည်လောက်အခန်းလေး....
မနက် ၅နာရီမထိုးခင်ကတည်းကထလာ၍ လူတစ်ကိုယ်လုံးလည်း မထချင်အောင် ပင်ပန်းနုံးချည့်နေပြီဖြစ်သည်။
သူတို့ယူလာတဲ့ ရွက်ဖျင်တဲတွေကို ကြမ်းပြင်မှာထိုးလိုက်ရသည်။
မထိုးရင် ညအိပ်လို့အဆင်မပြေဟုသိရသည်။သူနှင့်ဂျွန်မြောင်က နှစ်ယောက်တစ်တဲနေရသည်။
ညစာကိုတော့သူတို့အားလုံးရေနွေးတည်လိုက်ပြီး ပါလာတဲ့ခေါက်ဆွဲထုတ်လေးတွေနှင့်ဖြေရှင်းလိုက်ရသည်။
*******
Ahgasestay💓💓💓
9.6.2019