ရီရှင်းက ကိုးရီးယားတွင် သူ့အမေ အစ်ကိုရဲ့သားဖြစ်သူ ဝမ်းကွဲ အစ်ကို ရီဖန် နဲ့အတူနေသည်။
ရီဖန်မှာ သူ့ထက်၎နှစ်ကြီးပြီး ယခု ကိုရီးယားက Companyခွဲကိုလည်းသူသာ အုပ်ချုပ်နေသည်။
ယောင်္ကျားလေးနှစ်ယောက်နေသော အိမ်ဖြစ်၍ စားရေးသောက်ရေးကို တစ်လှည့်စီတာဝန်ယူထားသည်။
"ရီရှင်း ဒီနေ့ဘအပြင်စာညဝယ်စားရင်ကောင်းမလား"
"ဟာ ge တကယ် ဒီနေ့ ge ချက်အလှည့်ဆိုတော့ ge ဝယ်ကျွေးမှာလား"
ရီရှင်းမှာ သူ့အစ်ကို ကပ်စေး ရီဖန်က ဝယ်ကျွေးမယ်ဆိုတော့ အံ့သြနပန်းဖြစ်နိုင်သည်။
မဖြစ်စရာလား company ကြီးကိုအုပ်ချုပ်နေပြီး ကပ်စေးနှဲ ချက်က ချစ်တီးတောင် အဖေ ခေါ်ရလောက်တယ်
"ငါ ပဲခေါက်ဆွဲနဲ့ ဝက်ချိုချဉ်မှာထားတယ် လာရင်ထွက်ယူလိုက်ဦး ဒီမှာပိုက်ဆံ"
ရီဖန်က ပိုက်ဆံပေးပြီး ရေချိုးခန်း အတွင်းသို့ဝင်သွားသဖြင့် ရီရှင်း သုံးထပ်သားစားမည့် စိတ်ကူးလေးကို တာ့တာ ပြလိုက်ရသည်။
ခနကြာတော့ အိမ်ရှေ့မှ ဘဲလ်သံကြားသဖြင့် မော်နီတာကို သွားကြည့်ရာ
"မင်္ဂလာပါ ဂင်မိသားစု ပဲခေါက်ဆွဲဆိုင်ကပါ"
"တီ"
သူတံခါးဖွင့်လိုက်ပေးတော့ကောင်လေးက စားစရာတွေကို စားပွဲပေါ် တင်ပြီးတော့
"ဝမ် .....ကျပါတယ် ဖက်ထုပ်က ဝန်ဆောင်မှုပါ"
ဦးကပ်စေး ရီဖန်က ဈေးသိတယ်ထင်ပ ပိုက်ဆံတောင်အတိအကျထားခဲ့သည်။
"ဟုတ်ကဲ့ ဒီမှာ....အော်..ဂင်ဂျွန်မြောင်"
"အော်ကျန်းရီရှင်း...မင်းအိမ်လား"
"အော်..အင်း...ဆိုပါတော့.....မင်းရော အချိန်ပိုင်းလား"
"အော်....အင်း...အင်း...ငါပြန်ပြီ".
ဂျွန်မြောင်ပြန်သွားတဲ့ ပုံကို ကြည့်ပြီး ရီရှင်းကြောင်နေမိသည်။
