ရီရှင်းသူ့ရှေ့မှ presentation တွင် တင်ဆက်မည့် ခေါင်းစဉ်နှင့် အကြောင်းအရာကို ဒိုင်ခံဆွေးနွေးနေသော ဂျွန်မြောင်ကို ကြည့်နေမိသည်။
နှုတ်ခမ်းလေးက စုလိုက်ချွန်လိုက်နှင့် ချစ်စရာကောင်းနေသည်။သူနှင့်သိတာတစ်ပတ်သာ ကြာပေမယ့် ဂျွန်မြောင်က ခင်ဖို့ ကောင်းသော သူဖြစ်မှန်းသိလာရသည်။
အသားကလည်းဖြူဖွေးနေတာ မသိရင် snow white သေလို့ ဝင်စားထားသလားဟု ရီရင်းခပ်ကြောင်ကြောင်တွေးမိသည်။သူတို့အဖွဲ့မှာလူ ၆ယောက်သာရှိသည်။
နဂို ၅ယောက်မှ ယခုရီရှင်းပါလာတော့ ၆ယောက်ဖြစ်သွားခြင်းဖြစ်သည်။ဂျွန်မြောင်တို့သုံးယောက် သူနှင့် Major queen နှင့် princess တို့ဖြစ်သည်။
လူတကာအားကျရသော cele အဖွဲ့ဆိုလည်းမမှားပေ။
"ကဲဒီနေ့တော့ ဒီလောက်ပါဘဲ"
4နာရီထိုးပြီဖြစ်တဲ့ အတွက် အဖွဲ့ခေါင်းဆောင် ဂျွန်မြောင်က ဆွေးနွေးခြင်းကိုအဆုံးသတ်လိုက်သည်။"ပိတ်ရက်မှာဒီအတွက် အချက်အလက်လေးတွေ စုပေးကြဦးနော် e-mailပို့ထားလည်းရ
တယ်နော် အားလုံးတာဝန်ကျေပါတယ်"..........
ရီရှင်း သူ့အားလပ်ရက်ကို အချစ်ဆုံးသူငယ်ချင်းမလေးနဲ့တွေ့ဖို့ ကော်ဖီဆိုင်လေးဆီသို့ထွက်လာခဲ့သည်။
Linn သူ အချစ်ဆုံးသူငယ်ချင်းမလေး
သူ့အဆွယ်ကောင်းသောကြောင့် သူကိုရီးယားမှာကျောင်းတက်ဖို့ဖြစ်လာခြင်း"Hi ရီရှင်းရောက်တာကြာနေပြီလား.....sorry ကားနည်းနည်းပိတ်သွားလို့ကြာသွားတယ်"
Linn က ထိုင်ခုံမှာဝင်ထိုင်ရင်း နှုတ်ဆက်လိုက်သည်။
"မသိတဲ့သူကိုသွားပြော နင် မိတ်ကပ်ပြင်နေလို့ ကြာနေတာမလား dress ရွေးတာရောထပ်ပေါင်းလိုက်တာပေါ့နော"