Part-1

598 55 10
                                    

နေ့တစ်​​နေ့ရဲ့အစမှာ ​​ပျော်​ရွှင်​ခြင်း​တွေနဲ့သာစတင်​ရမယ်​ဆိုရင်​ ထို​နေ့တစ်​​နေ့တစ်​​နေ့လုံးအတွက်​ ​ပျော်​ရွှင်​ရလိမ့်​မယ်​တဲ့။

သို့​ပေမဲ့ ကျွန်​​တော့်​အတွက်​​တော့မဟုတ်​ခဲ့။ မနက်​နိုးထလာပြီဆိုသည်​နှင့်​ ကြုံ​တွေ့ရသည်​က စိတ်​ညစ်​ညူးဖွယ်​၊ စိတ်​ကျဉ်းကျပ်​ဖွယ်​​တွေနဲ့ပဲ။

"Nini နိုးပြီလား၊ ​မောင်​ Nini အတွက်​ အကျီထုတ်​​ပေးထားတယ်​၊ ​ရေမိုးချိုးပြီး မနက်​စာစားဖို့​အောက်​ဆင်းခဲ့​နော်​"

"Oh Sehun ငါ​ပြောထားတယ်​၊ ငါ့ကိစ္စ​တွေမှာလိုက်​မရှုပ်​နဲ့ ငါ့ဘာသာလုပ်​မယ်​လို့၊ ကိုယ့်​အကျီကို ကိုယ်​ထုတ်​ဝတ်​တတ်​တယ်​"

"အင်းပါ....​မောင်​သိပါတယ်​ Nini ရယ်​"

ကျစ်​...စိတ်​ရှုပ်​စရာပဲ ​နေရာတကာလိုက်​ပါ​နေတာ၊ ​​ပြောပြီး ​ရေချိုးခန်းထဲအဝင်​ ဟက်​...သွားတိုက်​​ဆေး​တောင်​ ထည့်​ထား​ပေး​သေးတယ်​၊ ကိုယ်​နဲ့ပတ်​သတ်​ပြီး သူနဲ့လွတ်​ကင်းတဲ့ဟာ သူ မလုပ်​​ပေးတဲ့ဟာကိုမရှိပါလား၊ စိတ်​ပျက်​ဖို့​ကောင်းလိုက်​တာ။

အောက်​ထပ်​ဆင်းလာ​တော့လည်း ကျွန်​​တော့်​အိတ်​ထဲကိုစာအုပ်​​တွေထည့်​​ပေး​နေတာ....

"Oh Sehun ငါ့အိတ်​ကိုမထိနဲ့လို့မင်းကို​ပြောထားတယ်​​လေ"

ကျွန်​​တော်​ စိတ်​တိုတိုနဲ့သူ့လက်​ထဲကအိတ်​ကို ဆွဲယူလိုက်​​တော့ ​မော့ကြည့်​လာကာ....

"​မောင်​က NiNi နဲ့ပတ်​သတ်​သာမှန်​သမျှကို ​မောင်​ကိုယ်​တိုင်​လုပ်​​ပေးချင်​လို့ပါကွာ"

ကျစ်​...​ပြောလိုက်​ရင်​အဲ့တိုင်းပဲ....

မနက်​စာလဲစားချင်​စိတ်​မရှိ​တော့တာနဲ့ အိတ်​ကိုဆွဲယူပြီးထွက်​လာ​တော့ ​နောက်​က​နေ...

"Nini မနက်​စာ စားသွားဦး​လေကွာ" ဆိုတဲ့အသံ

ကားထွက်​ဖို့လုပ်​​တော့ အတင်းကိုတံခါးကိုဖွင့်​ပြီး ကားထဲထည့်​​ပေးလိုက်​သည်​က ထမင်းဘူး....

"Nini ​ မနက်​စာမစားရင်​လဲ နေ့လည်​စာကိုအချိန်​မှန်​​အောင်​စား​နော်​" တဲ့

ကြင်​နာခြင်းရဲ့နာကျင်ခြင်းWhere stories live. Discover now