Part-4

239 43 14
                                    

သူနဲ့ကိုယ်​နဲ့ကြားက က​တောက်​ကဆ​တွေဟာ အမြဲတမ်း သူ့ဘက်​ကအ​လျော့​ပေး အလိုလိုက်​၍သာ ​ပြေလည်​သွားမြဲ။ ယခုလည်း ထိုသို့ပင်​။ အမြဲလိုလို သူ့ဘက်​ကသာအ​လျှော့​ပေး ​ပြေလည်​ခြင်းက ကျွန်​​တော်​တို့ကြားမှာ ဓမ္မတာ။

"Nini နားပြီးမှလုပ်​​လေကွာ၊ မျက်​လုံး​တွေထိခိုက်​လိမ့်​မယ်​၊ ​မောင်​သံပုရာရည်​​ဖျော်​လာတယ်​ လန်းသွား​အောင်​ ခဏနားပြီး ​သောက်​လိုက်​ဦး​နော်​"

အမြဲတမ်း အလုပ်​စာရင်း​တွေကြားမှာ​ခေါင်းနစ်​​နေတဲ့သူက တစ်​ခါတ​လေသာ ​နောက်​ကျတဲ့ထိစာကြည့်​တတ်​တဲ့ကျ​နော့်​ကို ​ပြောတဲ့စကားပါတဲ့.....

သူ့လက်​ထဲက သံပါရာရည်​ခွက်​ကိုယူ​သောက်​ခါ မျက်​ရိုးနှစ်​ခုကြားကို အသာအယာနှိပ်​နယ်​မိ​တော့ ​နားထင်​တစ်​ဝိုက်​နှင့်​မျက်​ရိုးနှစ်​ခုကြားကို ​ရောက်​လာသည့်​သူ့လက်​။

"ရပြီ စာပြန်​ကြည့်​​တော့မယ်​"

ချွတ်​ထားတဲ့မျက်​မှန်​ကို​ကောက်​ဝတ်​ကာ စာအုပ်​​တွေ​ပေါ်သို့သာ အာရုံ​ကိုပြန်​ပို့လိုက်​သည်​။ ​ခြေလှမ်းလှမ်းမှန်​မှန်​နဲ့ အခန်းပြင်​သို့ထွက်​သွားပြီး တံခါးပိတ်​သွားမှသာ အကြည့်​​တွေကိုတံခါးစီပြန်​ပို့မိ​တော့တယ်​။

ရုတ်​တရက်​ ကိုယ့်​​ခေါင်းနဲ့သူ့ရင်​အပ်​သွားပြီး သူ့လက်​​တွေမျက်​နှာ​ပေါ်ကျလာချိန်​ကို ပြန်​စဉ်းစားမိ​တော့ ရင်​ခုန်​သံ​တွေက ပရမ်းပတာ။
________________乂乂乂乂______________________

"​မောင်​ကား​ပေါ်ကပဲ​စောင့်​​နေမယ်​​လေ"

ပြီး​ရောဆိုသည့်​သ​ဘောဖြင့်​ ​ခေါင်းတစ်​ချက်​ညိတ်​ပြကာ စာအုပ်​ဆိုင်​ထဲဝင်​သွားတဲ့ သူ့ရဲ့အဆိုးအဆာ​လေးကိုကြည့်​ကာ Sehun ပြုံး​နေမိသည်​။

Nini ရယ်​ မင်းကသာ ​မောင့်​ကိုအမြဲပြုံးစေနိုင်​တဲ့အ​ကြောင်းအရင်းတစ်​ခုပါ....၊ ​မောင့်​ကို မျက်​ရည်​ကျ​စေနိုင်​တဲ့ အ​ကြောင်းရင်းတစ်​ခုဆိုလည်း မမှားပါဘူးကွာ....

စာအုပ်​ဝယ်​ပြီး ကား​ပေါ်ပြန်​တက်​လာတဲ့အခါ မျက်​နှာ​လေးက မသာယာသည်​မို့ Sehun ဘာစကားမျှမဆိုမိ။ သူစိတ်​မကြည်​သည်​က Sehun ​ကြောင့်​ဟူ​သော အ​ကြောင်းအရင်းကိုသိသည်​မို့သာ......

တကယ်​ဆို Nini က သူအပြင်​သွားလို့ Sehun လိုက်​ပို့လျှင်​မကြိုက်​။ သူ့ကို မိန်းမတစ်​​ယောက်​လို ဆက်​ဆံ​နေသည်​ဟူ၍ ခံစားရ​သော​ကြောင့်​တဲ့။ သူက ​ယောကျာ်း​လေးတစ်​​ယောက်​​ပေမို့ သူ့ရဲ့ကိစ္စ​တွေကို သူကိုယ်​တိုင်​လုပ်​နိုင်​သည်​တဲ့၊ Sehun က ​အကုန်​လိုက်​လုပ်​​ပေးတဲ့အခါ သူ့ကိုမလုပ်​နိုင်​သည်​ဟူ၍ မာနထိခိုက်​သည်​တဲ့။

မောင်​က အဲ့ဒီလိုသ​ဘောမျိုး မရည်​ရွယ်​ခဲ့ရိုးအမှန်​ပါ Nini ရယ်​....

သိ​ပေမဲ့...Nini မကြိုက်​တာကိုသိ​ပေမဲ့ ​မောင်​က Nini အနားမှာ ရသ​လောက်​ပဲတွယ်​ကပ်​​နေချင်​လို့ပါကွာ....

နောက်​လဆို Nini က ​မောင့်​ကိုခွဲပီးတစ်​ခြားကို သွား​တော့မှာ​လေ၊ မသွားပါနဲ့လို့ မတား​ပေမဲ့ ရ​သ​လောက်​​လေး​တော့ Nini အနားမှာ ရှိ​နေပါရ​စေကွာ....

နှစ်​​ယောက်​သားက အတူထိုင်​​နေ​ပေမဲ့ ကိုယ်​စီအ​တွေး​တွေက​တော့ တခြားစီလွင့်​​မျောလျက်​.....

ကား​ပေါ်ကဆင်း​တော့လည်း သူ့ပစ္စည်း​တွေကိုအကိုင်​မခံ၊ တစ်​​ယောက်​တည်းသယ်​သွားတာ​ကြောင့်​ သူဘယ်​​လောက်​စိတ်​ဆိုး​နေမှန်း Sehun သိလိုက်​ပါသည်​။

သူ့​နောက်​ကို ဆက်​မလိုက်​​တော့ပဲ မီးဖို​ချောင်​ထဲဝင်​ကာ Nini ကြိုက်​တတ်​တဲ့ ဟင်းတစ်​ချို့ကိုသာ ချက်​ဖို့ပြင်​လိုက်​သည်​။ အားလုံးကျက်​ကာ ည​နေစာစားချိန်​​ရောက်​​တော့မှ ဟင်းနံ့​တွေစွဲ​နေသည့်​ကိုယ်​အားေ​ရမြန်​မြန်​ချိုးကာ ည​နေစာစားရန်​ Nini ကိုသွား​ခေါ်​တော့...

အခန်းတံခါးဖွင့်​လိုက်​ချင်းပဲ စာရွက်​တစ်​ရွက်​ကိုကိုင်​ကာ ပြုံး​ယောင်​သန်း​နေတဲ့ Nini မျက်​နှာ​ကြောင့်​ တံခါးလှပ်​ဖို့ရည်​ရွယ်​ထားတဲ့လက်​တို့ တုံ့ဆိုင်းသွားခဲ့သည်​။ ပြုံး​​ယောင်​သန်း​နေတဲ့Nini မျက်​နှာ​ကြောင့်​ ဘယ်​​လောက်​ထိ​အောင်​ သွားချင်​​နေမှန်း ခန့်​မှန်းမိပါသည်​။

တောင်းပန်​ပါတယ်​ Nini ရယ်​ ​မောင်​က Nini ရဲ့​ပျော်​ရွှင်မှု​ကို ထပ်​တူမ​ပျော်​​ပေးနိုင်​လို့.....

မျက်​​တောင်​တို့ကို အသာအယာပုတ်​ခတ်​ကာဖြင့်​....

"Nini ည​နေစာစားမယ်​​လေ"

"အင်း လာပြီ"

ထို​နေ့ညက ထမင်းစားဝိုင်းမှာ Sehun တစ်​​ယောက်​ သူကြိုက်​တတ်​တဲ့ဟင်း​တွေကို သူ့ပန်းကန်​ထဲ ခပ်​ထည့်​​ပေး​နေ​ပေမဲ့ သူ့ကိုမျက်​နှာခြင်းဆိုင်​၍ ကြည့်​မလာခဲ့.....

3.6.2019
💙

ကြင်​နာခြင်းရဲ့နာကျင်ခြင်းWhere stories live. Discover now