Part-6

527 58 17
                                    

"Sehun မင်းအိမ်​ပြန်​ဖို့ မစဉ်းစား​တော့ဘူးလား"

"တစ်​ရက်​​လေးပါပဲ hyung ရယ်​၊ ကျွန်​​တော့်​ကို ဒီတစ်​​နေ့တစ်​ရက်​​လောက်​ပဲ တစ်​ခဏ​လောက်​လွှတ်​​ထား​ပေးပါလား"

အိမ်​ကို​ရောက်​လာကတည်းက ဘာစကားမှမ​ပြောဘဲ ဒူး​ပေါ်လာက်​နှစ်​​ချောင်းတင်​ကာ မျက်​နှာအားလက်​ဝါးတို့နှင့်​ အုပ်​ထားဆဲပုံက အိမ်​ကို​ရောက်​တာ တစ်​နာရီ​ကျော်​​နေသည့်​တိုင်​ မ​ပြောင်းလဲ။ ဘာစကားမှမ​ပြောဘဲ ငြိမ်​သက်​လွန်း​နေသည်​မို့ Sehun အရမ်းစိတ်​ပင်​ပန်း​နေမှန်း Jongdae နားလည်​ပါသည်​။ သို့​ပေမဲ့ သူ့ဆီကတစ်​ခုခုကြားရဖို့​မျှော်​လင့်​ပြီး ထိုင်​​စောင့်​​နေတဲ့ Jongdae စိတ်​မရှည်​လှ​တော့ပါ။ အနည်းဆုံး​တော့ စကားတစ်​ခွန်း​လောက်​ပဲေ​ပြာတာဖြစ်​ဖြစ်​၊ ငိုတာဖြစ်​ဖြစ်​​တော့ လုပ်​လိုက်​ပါလား Sehun ရာ။

Sehun ထိုင်​​နေသည့်​ဆိုဖာဘက်သို့ ကိုယ်​ကို​ရွှေ့ကာ....

"Sehun ဘာ​တွေဖြစ်​လာလို့လဲ၊ Hyung ကို​ပြော​လေ"

ထိုအခါမှ အသက်​မဲ့​နေတဲ့ မျက်​ဝန်း​တွေနဲ့​မော့ကြည့်​လာလျက်​....

"Hyung...Nini က​လေ Nini က ကျွန်​​တော့ကို ရွံတယ်​တဲ့၊ လမ်းခွဲရ​အောင်​တဲ့"

တစ်​ဆက်​တည်း ပုခုံး​ပေါ်အပ်​လာတဲ့ သူ့မျက်​နှာ....

"ဘာပြသနာ​တွေဖြစ်​လို့လဲ Hunnie ရယ်​"

"သူပညာ​တော်​သင်​ ကိစ္စပျက်​သွားတယ်​၊ ကျွန်​​တော့်​​ကြောင့်​"

"ဘာ...မင်း​ကြောင့်​ ဟုတ်​လား၊ ငါ့ကိုရှင်းရှင်းလင်းလင်း​ပြောစမ်း Oh Sehun"

ဒီ​လောက်​မြိုသိပ်​ခဲ့တဲ့သူက​လေ....အ​နှောင့်​အယှက်​ဖြစ်​မှုစိုးလို့ တား​တောင်​မတားရက်​ခဲ့တဲ့သူကတဲ့လား....

"ကျွန်​​တော်​က သ​ဘောမတူဘူးလို့ လက်​မှတ်​ထိုးထားလို့"

"တကယ်​ပဲ မင်းလုပ်​ခဲ့တာလား"

မျက်​ရည်​​တွေသာကျ​နေရင်းနဲ့ ဘာမှပြန်​မ​ဖြေ.....

"Oh Sehun မင်း တကယ်​လုပ်​ခဲ့တာလား...."

You've reached the end of published parts.

⏰ Last updated: Jun 10, 2019 ⏰

Add this story to your Library to get notified about new parts!

ကြင်​နာခြင်းရဲ့နာကျင်ခြင်းWhere stories live. Discover now