Part-5

307 48 11
                                    

ဒီ​နေ့ဆိုရင်​ တစ်​လပြည့်​ဖို့ တစ်​ရက်​အလို။ ​မောင်​ Nini နဲ့အတူ​နေရဖို့ ဒီ​နေ့တစ်​ရက်​ပဲကျန်​​တော့တာ​ပေါ့.....

ကာထားတဲ့မှန်​ပြင်​ကို​ဖောက်​ထွင်းကာ အ​ဝေးတစ်​​နေရာကို​ ခပ်​​ဆွေး​ဆွေးကြည့်​​နေတဲ့ Sehun ကို ကြည့်​ရတာ Jongdae စိတ်​မချမ်းသာလှ။ သူအခန်းထဲ​ရောက်​​နေတာကြာသည့်​တိုင်​ သူ့ဆီသို့အကြည့်​တစ်​ချက်​​ရောက်​မလာဘဲ အပြင်​ကိုသာ​ငေး​နေတဲ့ Sehun။

"Sehun အဲ့​လောက်​ခံစား​နေရရင်​လည်း မသွားနဲ့လို့ ​တစ်​ခွန်း​လောက်​ပဲဖြစ်​ဖြစ်​​ ​ပြောလိုက်​ပါလား"

ဒီ​တော့မှ လှည့်​ကြည့်​လာကာ ခမ်​နွမ်းနွမ်းပြုံးလျက်​ ​ခေါင်းရမ်းပြ​လေရဲ့......

အရူး​ကောင်​ ဘာ​တွေ​ကိုများ ဒီ​လောက်​ထည့်​တွက်​​နေလဲမသိဘူး.....

သူ့ကြည့်​ရတာ ကိုယ်​ပါအားပြတ်​ချင်​လာသည်​။ ထိုင်​​နေသည့်​ပုံက အားမရှိသည့်​နှယ်​​ပျော့​ခွေလို့။ နှုတ်​ခမ်း​တွေက ပြုံး​ယောင်​သန်း​နေ​ပေမဲ့ မျက်​ဝန်း​တွေက ပြို​တော့မဲ့မိုးကဲ့သို့ အုံမှိုင်း​နေ​ပေသည်​။

တိတ်ဆိတ်​​နေတဲ့အခန်းငယ်​ထဲမှာ ရုတ်​တရက်​ထမြည်​လာတဲ့ဖုန်းသံ.....

Contact name ကို သွားကြည့်​စရာမလို Oh Sehun မျက်​နှာကို ကြည့်​လိုက်​သည်​နှင့်​ ဘယ်​သူ့ဆီကဖုန်းဆိုတာ Jongdae ရိပ်​မိပြီးသား.....

မှိုင်းညို့​နေ​သော ​ကောင်းကင်​ပြင်​မှာ ရုတ်​တရက်​​နေ​ရောင်​ခြည်​ဆမ်းလာသကဲ့သို့ ခုကနမျက်​နှာနှင့်​ကွဲပြားစွာ ​ပျော်​ရွှင်​သွားတဲ့မျက်​နှာ​လေးက ချက်​ခြင်းပဲ....

"Hello Nini"

"Oh Sehun မင်းငါ့ဆီကို ခုချက်​ချင်းလာခဲ့"

ဟိုဘက်​က ဘာ​ပြောသည်​မသိ ချက်​ချင်းထကာ​ပြေးသွားသည်​က အခုနက ​ပျော့​ခွေ​နေတာသူမဟုတ်​သည့်​အတိုင်း...
_________________乂乂乂乂____________________

ကျောင်း​ရှေ့ကို​ရောက်​​ရောက်​ခြင်းပဲ ကား​ပေါ်က​တောင်​မဆင်းရ​သေး၊ အတင်းကားထဲဝင်​ထိုင်​ကာ စူးရဲ​သောအကြည့်​​တွေနဲ့.....

ကြင်​နာခြင်းရဲ့နာကျင်ခြင်းWhere stories live. Discover now