ရေခဲမုန့်

1.2K 109 15
                                    

● ရေခဲမုန့် ●

အင်္ကျီလက်တို နဲ့ စကတ်အတို ဝမ်းဆက်ပေါ်ကို ဆိုင်တံဆိပ်ပါတဲ့ ခါးစည်း အဝတ်ဖုံး ကို ပတ်လိုက်ရင် ရေခဲမုန့်ဆိုင်က ဝန်ထမ်းဆိုတာလူတိုင်းသိတယ်။
ဆံပင်ချည်လိုက်ရင်သားနားသွားပြီ၊ ရေခဲမုန့်ရောင်းတယ်ဆိုတာ ကြက်ကြော်ဆိုင်လောက်မနံပေမယ့် ဘာဂါကင်းထက် အလုပ်များတဲ့ဆိုင် လို့ပြောရရင် ဟုတ်မယ်၊ဘာကြောင့်မှန်းမသိပေမယ့် ဘောက်ဆူးလည်းအရနည်းတယ် ။
စနေနေ့ဆို ဆံပင်ရွှေရောင်ဆိုးထားတဲ့ လူငယ်တစ်ယောက်အမြဲလာတယ် ၊ ကွာတားဘောင်းဘီနဲ့ တီရှပ်နဲ့ ၊ နောက် ဆယ့်ငါးမိနစ်နေရင် ကျောင်းသူတစ်ယောက်ရောက်လာတယ်၊ ဓာတ်ပုံတွေကို မန်မိုရီစတစ်နဲ့ ကူးကူးသွားတယ်။

ရေခဲမုန့်ဆိုင်လာပြီး ကော်ဖီပူပူကြီးတစ်ခွက် သောက်ဖို့ပဲ သိတဲ့ အဲ့လူငယ်ဟာ သူ့ကိုယ်သူဓာတ်ပုံဆရာလ်ု့ပြောပေမယ့် တကယ်က ကင်မရာ တစ်လုံးဝယ်ထားတဲ့ ကောင်လေးလို့ပဲ ပြောရင် ပိုမှန်မယ်၊ နေ့တိုင်း ဘယ်ရီ ရေခဲမုန့်စားတဲ့ကောင်မလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ မော်ဒယ်ဖြစ်ချင်တယ် လို့ထင်တာပဲ။
ဓာတ်ပုံဆရာ ကအပတ်တိုင်း ချိန်းတယ် ၊ ပုံပေးဖို့ ပုံရွေးဖို့ နောက်တစ်ခါရိုက်ဖို့ နေရာကြည့်ဖို့ အကြောင်းစုံ ပြပြီးကောင်မလေးကို ခေါ်တယ် ၊ တစ်ခါဆိုသူကြိုက်တဲ့ မင်းသားအဆိုတော် ကဘယ်သူလဲ မေးဖို့ သက်သက်နဲ့ ခေါ်တယ် ၊ဘာတွေမှန်းလဲမသိဘူး ။
ကောင်မလေးကလည်း ဖြေတယ် ၊ ဘယ်သူမှန်းတော့သေချာမသိဘူး။
ကောင်မလေးဟာ အမြဲ တမ်း ဆယ့်ငါးမိနစ်နောက်ကျပြီးမှလာတယ် ၊ ကလေးသာသာ ဆိုတော့ အချိန်မတိကျဘူးထင်တယ်။

တစ်ရက်ကျ ကောင်မလေးဟာ စတားဘက်ခ်က စက္ကူညိုမုန့်အိတ်ကြီးနဲ့ ဆိုင်ထဲဝင်လာတော့ ပြင်ပ စားစရာများ ယူဆောင်မလာရ ဆိုတာကို ကပ်ထားတာ မမြင်ဘူးလားလို့ အော်မိတော့မလို့ ၊ တကယ်ကျ အထဲက ထမင်းဘူးက အိမ်ကသူကိုယ်တိုင် လုပ်လာတဲ့ ဆာရှိီမီနဲ့ ဆူရှီတွေဖြစ်နေတယ် ၊ ပျော်နေကြတယ်ထင်တာနဲ့ ဘာမှ မပြောဘဲ ရေထည့်တဲ့ ဖန်ခွက်တွေကို ဖုန်သုတ်နေမိတယ် ။

နောက်နှစ်ပတ်လောက်နေတော့ ဓာတ်ပုံဆရာက အဲ့ ကျောင်းသူလေးကို သူတို့ ရဲ့ စီနီယာ ဒီဇိုင်းမေဂျာ က လူတစ်ယောက်နဲ့ ပေးတွေ့တယ် ၊
အဲ့ဒီဇိုင်နာဆိုတဲ့ လူရဲ့ ရုပ်က ခရမ်းရောင်သားမွေးကုတ်ခြုံထားတဲ့ မြေခွေးကြီးနဲ့ တူတယ် ၊ သူ ဟာ ဂျန်ဆိုတဲ့ မိန်းကလေးနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ပြတ်ပြီးတည်းက ညတိုင်းအိပ်မပျော်လို့ ကားမောင်းရင် အာရုံစိုက်လို့ မရတော့ကြောင်း ဒါကြောင့် နောက်ပိုင်း ကားမစီးဘဲ ဘတ်စ်ရယ် မြေအောက် ရထားရယ် လမ်းလျှောက်တာရယ်ပဲအဆင်ပြေကြောင်းပြောပြနေတယ် ၊ အခုနောက်ကျတာလည်း ဘတ်စ်ကားက မှတ်တိုင်တစ်ခုမှာ ကြာနေလို့ ဖြစ်တဲ့ အကြောင်းရှင်းပြနေတယ် ။

Random Shorts Donde viven las historias. Descúbrelo ahora