"Sehun ရာ လိုက်ခဲ့စမ်းပါ
တစ်ခါတစ်လေလေးကို ""ဟာဗျာ မလိုက်တော့ပါဘူး clubက
ဆရာဝန်တွေနဲ့သင့်တော်တဲ့နေရာ
မှမဟုတ်တာ ""မင်း ဘယ်နှစ်ခုနှစ်က လူဖြစ်လာတာလဲကွာ
Clubလေးတက်ရုံကို""တော်ပါပြီဗျာ"
"လာပါကွ "
၃ယောက်လောက်က အတင်းဆွဲခေါ်သဖြင့်Sehun ကားပေါ်ပါလာသည်။
ကျွန်တော်က Oh Sehun ပါ။
Luckyhospital ရဲ့ ဆရာဝန်ပေါက်စလေး
ပေါ့။ကျွန်တော်ကချမ်းသာတဲ့ မျိုးရိုးကြီးတွေထဲက မဟုတ်ပါဘူး။ အလယ်အလတ်တန်းစားထဲကပါ။အခုလည်း ကျွန်တော်ဆေးရုံကိုရောက်တာ တစ်လပြည့်တဲ့အနေနဲ့ ပွဲလုပ်ပေးကြတာလေ။
Club မှာမို့ မလိုက်ချင်ပေမဲ့ အတင်းဆွဲခေါ်တဲ့ seniorတွေကြောင့်ကျွန်တော်တစ်သက်နဲ့တစ်ကိုယ်မသွားဘူးသော Club သို့ရောက်ခဲ့လေပြီ။"Sehun ya ကပါလား"
"ကျွန်တော်မှမကတတ်တာ seniorတို့ကလည်းမနောက်ပါနဲ့ဗျာ"
"ဟုတ်လား မကတတ်ဘူးလား"
"ဟုတ်ပါတယ်"
Sehun မချိပြုံးလေးပြုံးပြမှ
"အေးပါကွာ hyung တို့သွားကပြီနော်"
"ဟုတ်ကဲ့"
sehun ဆိုဂျူးတစ်ခွက်ကိုမော့ကာ Club တစ်ခုလုံးကိုဝေ့ကြည့်တော့ထောင့်တစ်ထောင့်မှာ
ကျွန်တော့်ကိုကြည့်နေတဲ့ကောင်လေး။သူ့အကြည့်စူးစူးကြောင့်နည်းနည်းနေရခက်လာသည်။ ကျွန်တော်ကို ဘာလို့အဲ့လောက်ကြည့်နေတာလဲ။ သူ့မျက်ဝန်းမှာ တစ်ခုခု က်ိုဆာလောင်နေဟန်တွေ။
ကျွန်တော်မျက်နှာလွှဲလိုက်သည်။တကယ့်ကလေးတွေ။ အသက်လေးက ငယ်ငယ်လေးနဲ့
ထင်ရာစိုင်းနေကြပုံပဲ။သူ့ကို တစ်ချက်ကြည့်မိတော့ စားပွဲထိုးကို ဘာတွေကပ်ပြောနေမှန်းမသ်ိ။ စားပွဲထိုးထွက်သွားမှ
ပြုံးကာကျွန်တော့်ကိုကြည့်နေသည်။
YOU ARE READING
ပိုချစ်သူသာ ရှုံးစေ(Completed)
RomanceSehun × jongin Sekai ( yaoi ) Warning - mature ပါ +ပိစိလေးတွေပါနိုင်ပါတယ်