"အချစ်ရယ်ကိုယ့်ကိုစိတ်မဆိုးပါနဲ့ကွာ ကိုယ်ပြောတာကို ယုံနော်ဒီတိုင်းကူညီမိတာပါ ""Oh Sehun ပရမ်းပတာတွေ မပြောစမ်းနဲ့
ဒီပြသနာက ခင်ဗျားမသွားရင်ဖြစ်စရာအကြောင်းမရှိဘူး အဲ့ Arjima နဲ့ မပက်သက်နဲ့လို့ပြောတယ်လေ ဟမ်မပက်သက်နဲ့မကြိုက်ပါဘူးဆိုမှ"အတင်းတွေရော ဇွတ်တွေရော ပိတ်ပိတ်အော်နေတဲ့အသည်းအသက်လေး။Honey က စားသောက်ဆိုင်တစ်ခုမှာ ပြသနာတက်နေတာ အကူအညီလိုလို့ ကျွန်တော့်ကို ဖုန်းဆက်ခေါ်တာကို သွားမိရာမှ ပြသနာက စသည်။
အခုထိချော့တာကို စိတ်မပြေသေးပေ
စိတ်မကောက်တတ်တဲ့ကောင်လေးက စိတ်ဆိုးနေတာဖြစ်သည်။စကားမပြောဘဲကောက်နေတာမဟုတ်ဘဲပြောသမျှက်ို အကန်တွေဘဲပြောပြန်၏။
"အချစ်ကိုယ်တောင်းပန်ပါတယ်ကွာ စိတ်မဆိုးနဲ့တော့လေ ကိုယ်ချော့နေတာ ၆နာရီလောက်ရှိပြီ အချစ်က အခုထိ စိတ်ဆိုးမပြေသေးဘူးလား"
"Oh Sehun မကျေနပ်ရင်မပြောနဲ့တော့
တကယ်နားငြီးတယ်ဝေးဝေးသွားလိုက်တော့""အချစ်ကလဲ ကိုယ့်ကိုတောင်းပန်ပါတယ်မကျေနပ်ရင်ကိုယ့်က်ိုရိုက်လေကွာ ကိုယ်ညနေပြန်ရောက်ကတည်းကချော့နေတာ အခု 9 နာရီထိုးနေပြီ အချစ်လည်း ဘာမှမစားရသေးဘူးမလား ကိုယ်လည်းနားချင်ပြီ "
jongin သက်ပြင်းချငွေ့ငွေ့ချမိသည်။
"ဟူး နားတော့ "
ဗီရိုထဲက ကုတ်တစ်ထည်ကိုကောက်စွတ်ကာ အပြင်ထွက်ဖို့ပြင်တော့ အရှေ့က ပိတ်ရပ်လိုက်တဲ့Sehun။
"ဘာလဲ နားတော့လေ "
"ကျွန်တော်ပြန်တော့မယ်"
'ဘာလို့လဲ ဒီမှာပဲအိပ်လိုက်လေ မပြန်ပါနဲ့တော့ "
ကျွန်တော့်ရင်တွေ မွန်းကြပ်နေတာမသိဘူးမလား။တကယ်အဆင်မပြေဘူး။တစ်နေရာရာမှာသွားပြီ ခနတာလောက်ကျွန်တော့်စိတ်တွေက်ိုဖြေဖျောက်ပါရစေ။
YOU ARE READING
ပိုချစ်သူသာ ရှုံးစေ(Completed)
RomanceSehun × jongin Sekai ( yaoi ) Warning - mature ပါ +ပိစိလေးတွေပါနိုင်ပါတယ်