Be mine

1.7K 143 21
                                    


"ကိုကို "

အသံလေးကိုနိမ့်ကာ သူကိုယ်တိုင်သတ်မှထားသော နာမ်စားလေးကို ဖွဖွခေါ်မိသည်။

"hyung ကလည်း ဒီ​နေ့တစ်​ရက်​လေးပဲကို​
လုပ်​ပါဗျာ ကျွန်​တော်​ကိုကူညီပါ​နော်​hyung
Please Please..."

"....."

"​ကျေးဇူးပဲ hyung အဲ့ဒါ​တွေ​ကြောင့်​ချော​နေတာ"

"......"

"ဟုတ်​ဒါပဲ​နော်​"

jongin နိုးနိုးချင်း Sehun ဖုန်း​ပြော​နေတဲ့အသံကို ကြား​နေရသည်​။senior တစ်​ယောက်​နဲ့​ပြော​နေပုံပင်​။jongin ထထိုင်​ဖို့ လက်​ထောက်​လိုက်​သည်​။

"အ့"

ချက်​ချင်းလှည့်​ကြည့်​လာတဲ့ Sehun။
ဖုန်းကို နား နား​လေးမှခွာကာ jongin​ဘေးမှာ ဝင်​ထိုင်​သည်​။

"နာ​နေတုန်းလား အချစ်​ကိုယ်​လည်း​ဒေါသနဲ့မို့ လက်​လွန်​သွားတာ​ဆေးစည်း​ပေးဖို့​မေ့သွားတယ်​လေ ပြကြည့်​အရမ်းနာ​နေလား ကိုယ်​ကြည့်​ပေးမယ်​"

ဘယ်​ဘက်​လက်​က​လေးကို ယူကာ လက်​ကောက်​ဝတ်​ကို သာသာ​လေးဖိ​ပေးပြီး နာလား​မေး၏။

"အင်း နာတယ်​ကိုကို"

"အချစ်​က ဆိုးတာကို မျက်​နှာသစ်​လိုက်​နော်​ကိုယ်​ဆေးထည့်​ပေးမယ်​"

jongin​ခေါင်းငြိမ့်​ပြကာ​ရေချိုးခန်းထဲဝင်​ခဲ့သည်​။အသင့်​ပြင်​ထားတဲ့ သွားတိုက်​တံ​လေး​ကြောင့်​ပြုံးမိသလ်ို။

အသက်​လေး ၆နှစ်​ကွာတာကို သူ့ကိုယ်​သူ
လူကြီးလိုလို ဘာလိုလိုနဲ့။ဘယ်​လို လူကြီးမှန်းကိုမသိတာပါဗျာ။jongin မျက်​နှာသစ်​ပြီး ထွက်​လာ​တော့ သူက ခုတင်​ပေါ်မှာ။

"လာ ခုတင်​ပေါ်တက်​ခဲ့အချစ်​"

jongin ခုတင်​ပေါ်မှာ ထိုင်​လိုက်​မှ​ဘေးနား
​ဆေးဘူး​တွေ ကိုထုတ်​ကာ jongin လက်​က​လေးကို ဖွဖွဆွဲယူသည်​။

"နာရင်​ပြော​နော်​အချစ်​ဒဏ်​ကြေ​အောင်​နည်းနည်း ဖိလိမ်းရမှာမို့လို့"

"အင်း ကျွန်​တော်​သိပြီ"

​ဆေးကို သူ့လက်​မှာတို့ကာ jongin လက်​ကို လိမ်း​ပေးသည်​။လက်​နွေး​နွေးက jongin လက်​ကောက်​ဝတ်​ပေါ်မှာ​ရွေ့လျား​နေသည်​။

ပိုချစ်​သူသာ ရှုံး​စေ(Completed)Where stories live. Discover now