First heartbeat

1.8K 185 23
                                    


သူ့ မျက်​လုံး​တွေ ပြူးကျယ်​သွားသည်​။​တော်​တော်​ပင်​အံ့သြသွားပုံပင်​အင်း​ပေါ့​လေ ကျွန်​တော်​တောင်​တော်​တော်​အံ့သြသွားတာကို ။

Sehun အခန်းထဲဝင်​လာ​တော့ သူ့​ဘေးက လူကနှုတ်​ဆက်​သည်​။

"Park Chanyeol ပါ"

လူကြီးလူ​ကောင်းဆန်​ဆန်​လက်​လှမ်း​ပေးတာမို့
Sehun လက်​ဆွဲနှုတ်​ဆက်​လိုက်​သည်​။

"Oh Sehun ပါဗျ"

"က​လေးဆီက ကြားပြီးပါပြီ ကျွန်​တော့်​တူ​လေး​နေမ​ကောင်းလို့ပါ က​လေးက လည်း Oh Sehun  ကိုယုံလို့ရတယ်​ပြောလို့ပါ"

"ဟုတ်​ကဲ့ ကျွန်​တော်​အတတ်​နိုင်​ဆုံး အ​ကောင်းဆုံးဖြစ်​အောင်​လုပ်​ပါ့မယ်​"

"ဟုတ်​ပါပြီ"

Sehun စားပွဲ​ပေါ်သို့​ဆေးအိတ်​ကို တင်​လိုက်​သည်​။

လိုအပ်​တာ​တွေ ထုတ်​နေတုန်း​ကောင်​လေးကို ငဲ့ကြည့်​တော့​စောင်​ကြီးကို​ပေါက်​ထွက်​မတတ်​ကြည့်​နေသည်​။

Sehun ကိုယ့်​အလုပ်​ကိုယ်​ပဲ ဆက်​လုပ်​နေ
လိုက်​သည်​။

"jongin ဖြစ်​ခဲ့တာ​တွေကို Sehunshi ကို​သေချာ​ပြောပြ​နော်​အဲ့တာမှ ဘာ​ဆေးက သားနဲ့သင့်​တော်​လည်း သိရမှာ ဦးငယ်​ပြောတာနားလည်​လား"

​သေချာပါတယ်​စောင်​တော့ပြာကျ​တော့မှာ။သူဒီ​လောက်​စိုက်​ကြည့်​နေတာ။

jongin မှာ​တော့ ဦးငယ်​ကို​ပြောချင်​တာပါးစပ်​တွေယားလို့ ။အ​ရှေ့က လူကြီးရှိ​နေလို့။

"Park Chanyeol shi အပြင်​ခန​လောက်​ထွက်​ပေးပါလားဗျ"

"အာ"

ပြူး​ကြောင်​ကြောင်​ကြည့်​လာတဲ့ အနှီလူသား။
သက်​ပြင်း​မောတစ်​ခုကိုရှီုက်​မိသည်​။သူ့တူကို
ဘာလုပ်​မှာမို့လို့လဲ။သူ့တူကသာ လက်​ရဲဇက်​ရဲ့နဲ့ က်ိုယ့်​လုံခြုံ​ရေးကို​တောင်​စိတ်​ပူရဦးမယ်​။

"​အော်​အင်း"

မချိုမချဉ်​ရုပ်​နဲ့​ပြောင်​ပြကာ အခန်းထဲကထွက်​သွားသည်​။ဘာလားဟ သူ့တူကို​တောင်​မျက်​နှာ​ပြောင်​နေ​သေးတယ်​ဘယ်​လို​တောင်​လားပဲ။

ပိုချစ်​သူသာ ရှုံး​စေ(Completed)Where stories live. Discover now