"ကျောင်းကိုပြန်တော့"ကျွန်တော်သူ့ကိုနှင်ထုတ်လိုက်သည်။သူက စာမေးပွဲတိုင်းမှာ ဘာသာစုံကျတဲ့အကြောင်း ကိုကျွန်တော်Baekhyun hyung ဆီကသိရ
သည်။အခုလည်းကျောင်းမတက်ဘူးတဲ့။ဖြစ်သင့့်ရဲ့လား။သေချာတာတော့ အခုအချိန်မှာ
သူကျောင်းတက်သင့်တာ။"ကိုယ်ပြောတာနားလည်လားကျောင်းပြန်တော့"
"အပေးတစ်ခု အတွက်ရယူမှုဆိုတာကြီးလည်းရှိသင့်တာပေါ့နော့်"
တွေးတွေးစစပုံစံလေးနဲ့ခေါင်းမော့ကာပြောလာတဲ့ကောင်လေး။သူတစ်ခုခုကို အလိုရှိပုံပင်။လည်လိုက်တဲ့ကောင်စုတ်လေး။
"မင်းကောင်းဖို့ ကိုယ်ကပြောနေတာသွားတာမသွားတာမင်းအပိုင်းပဲ"
"fစာသွားလုပ်လို့ hyung ကပြန်ကြိုက်နိုင်တယ်ဆိုရင်တော့ တမျိုးပေါ့ "
နှုတ်ခမ်းခပ်ထူထူကိုထိန်းကာသေသေချာချာပြောပြနေပုံကို မြင်ရတော့ ရင်တွေ တလှုပ်လှုပ်။
မဖြစ်ဘူး။ဒီလိုကလေးတစ်ယောက်နဲ့မှ ကျွန်တော်ဘာတွေဖြစ်နေတာလဲ။"ကိုယ်မင်းကိုပြန်မကြိုက်နိုင်ဘူး ကိုယ်နဲ့ဝေးဝေးနေပါ"
ဒါက အကောင်းဆုံးနည်းပဲ။သူလည်း သူလမ်းနဲ့သူ ကိုယ်လည်း ကိုယ့်လမ်းကိုယ်လျှောက်မယ်။မကြာခင်မှာ သူစိတ်ကစားတာရပ်သွားသလို ကျွန်တော့်ရင်ခုန်သံတွေလည်းတည်ငြိ်မ်သွားမယ်။အရာအားလုံးက အတွေးထဲမှာအစဉ်တကျနေရာယူ၏။
"ကျွန်တော့်ကို တကယ်မမြင်ချင်တာလား"
မေးပုံက ရိုးရာမပျက်ကန့်လန့်ပင်။သူ့အကြည့်တွေက တကယ်ပင်စူးလွန်းလှသည်။စစတွေ့ချင်း ကတည်းက သူ့ရဲ့ အလှဆုံး အတောက်ပဆုံးမျက်ဝန်းညိုတွေကို သတိထားမိခဲ့တာ။
"အင်း ကိုယ်မင်းနဲ့ မပက်သက်ချင်ဘူး"
သူ့ နှုတ်ခမ်းလေးမှာ မဲ့ပြုံးတစ်ခုကို အစားထိုး
သည်။
YOU ARE READING
ပိုချစ်သူသာ ရှုံးစေ(Completed)
RomanceSehun × jongin Sekai ( yaoi ) Warning - mature ပါ +ပိစိလေးတွေပါနိုင်ပါတယ်