"အချစ်ရေ အချစ်""စွတ်မအော်ပါနဲ့ ကိုကိုရယ်ကျွန်တော်ရောက်
ပါပြီ"ပြေးလာတဲ့ အချစ်ရဲ့ မျက်နှာကို တစ်ချက်ကြည့်ပြီး ပြုံးမိသည်။ချွေးဆို့နေတဲ့ မျက်နှာလေးက်ို လက်ဖမိုးလေးနဲ့ ဖွဖွ သုတ်ပေးမိ၏။
"ပြောလေ ကိုကိုရဲ့ ကျွန်တော်
ဘာလုပ်ပေးရမလဲ "သူပြုံးတဲ့ အပြုံးတွေကဘယ်အချိန်ကြည့်ကြည့်တောက်ပနေတာကလည်း အဆင်ပြေမနေပါဘူးနော်။ကျောင်းကကောင်မလေးတွေသူလာတိုင်းအော်အော်နေတာ နားစည်တောင်ကွဲမတတ်ပဲ။
"ဒီ နှင်းဆီပန်း "
လက်ထဲက နှင်းဆီပန်းပင်ပေါက်စလေးကို
မြှောက်ပြလိုက်သည်။"အင်း အဲ့နှင်းဆီပန်းကို ဘာလုပ်ချင်လို့လဲ ကိုကိုက "
"အတူတူ စိုက်မယ်"
jongin Sehun ကို ခတ္တမျှကြည့်နေမိသည်။တွေးတွေဆဆ ပုံစံလေးဖြစ်သွားပြီးမှ Sehun ကို စိုက်ကြည့်လာသည်။
"ကိုကိုက အပင်စိုက်ရတာလည်း ဝါသနာ မပါပါဘူး ဘာလုပ်ဖို့လဲ ကိုကိုရဲ့"
"ကိုယ်အချစ်နဲ့ အတူတူ စိုက်ချင်လို့"
"အော်စိုက်ကြမယ်လေ ဘယ်ကစလုပ်မလဲ"
"ဘာမှမလုပ်နဲ့ ကိုယ်က အကုန်လုပ်ပြီးသွားပြီ ခနတော့စောင့်ဒီမှာထိုင်"
မြက်ခင်းပေါ်မှာလေး ထိုင်စေကာ Sehun ကဂေါ်ပြားတစ်ချက်ကိုယူသည်။မြေကျင်းလေးတစ်ခုကို တူးဖော်ပြီးတော့ jonginလည်း အပင်
်ပေါက်ကလေးနဲ့ရေယူကာ Sehun တူးထားတဲ့
ကျင်းလေးထဲသို့ အပင်ပေါက်လေးကို ထည့်လိုက်သည်။Sehun လည်းဘေးနားကနေမြေကူဖို့ပေးရှာသည်။အပင်ပေါက်စလေးရဲ့ အမြစ်ကိုမြေကြီးထဲသေချာ ဖို့ပြီးမှ jongin ကရေလောင်းလိုက်၏။
"အာ ပြီးသွားပြီ "
အပျင်းကြောဆန့်နေတဲ့ အရှေ့ကကောင်လေးဟာ ချစ်ဖို့ကောင်းလွန်းပါ၏။
YOU ARE READING
ပိုချစ်သူသာ ရှုံးစေ(Completed)
RomanceSehun × jongin Sekai ( yaoi ) Warning - mature ပါ +ပိစိလေးတွေပါနိုင်ပါတယ်