1.7K 55 4
ကျွန်တော်တို့တောင်ပေါ်ဒေသကတော့ အမြဲတမ်း
သာယာအေးချမ်းလျှက်ပါပဲ.....တောင်ပေါ်ဒေသကို
ကျွန်တော်ချစ်တယ်....အဲ့လိုပဲ မြေနီလမ်းလေးကိုလဲ
ကျွန်တော်ချစ်တယ်...
ဒီနေ့ ခြံထဲကနှင်းဆီပန်းတွေကို မှာထားတဲ့သူရှိလို့
စီးတော်ယာဉ် စက်ဘီးရဲ့ကယ်ရီယာမှာ
နှင်းဆီပန်းတွေကို သေချာချည်တုပ်ပြီး သူသဘောကျတဲ့မြေနီလမ်းလေးထက်မှာ
သီချင်းလေးတညည်းညည်းနဲ့ ပန်းမှာထားတဲ့သူတွေကို
သွားပို့တဲ့ Plan.....
ပန်းတွေကိုပို့ပေးပြီး ပျော်ရွှင်စွာနဲ့ စက်ဘီးကို
အမြန်နင်းလာခဲ့တယ်...အဲ့ဒီအချိန်မှာ လမ်းတခုကနေ
ထွက်လာတဲ့ ကားတစီးနဲ့ နဲနဲလေးတိုက်မိသွားပြီး
Plan စက်ဘီးပေါ်ကလွင့်သွားခဲ့တယ်...
ကားပေါ်ကMeanကလဲ လမ်းရှင်းတယ်ဆိုပေမဲ့
လမ်းပေါ်တက်မှာမို့လို့ အရှိန်လျော့ထားခဲ့တာပါ
အမှန်ကလဲ စက်ဘီးကသူ့ကားကို
ဝင်တိုက်တာလို့ပြောရမယ် ဒါပေမဲ့ အခုလိုစက်ဘီးပေါ်ကလူက လဲကျသွားတော့
လန့်သွားတာ ကားပေါ်ကအမြန်ဆင်းကာ
လဲကျတဲ့သူကို သွားထူလိုက်တယ်
"ဘာဖြစ်သွားသေးလဲဗျ ဘယ်နားနာသွားသေးလဲ"
Meanရဲ့စကားသံကိုကြားလို့ နာနေတဲ့ကြားက
Planမော့ကြည့်မိလိုက်တယ် ဒီလူတော်တော်ချောတာပဲလို့လဲ
နာနေတဲ့ကြားက တွေးလိုက်မိတယ်....
"အင်း..ခြေထောက်နည်းနည်းတော့နာနေတယ်"
"ဟုတ်လား လာ ကိုယ်ထူပေးမယ် ရပ်နိုင်ရဲ့လား"
"အား..ကျွန်တော့်ခြေထောက်...."
"ရပ်လို့မရဘူးထင်တယ် ဟို အားတော့နာပါရဲ့ဗျာ
ကိုယ်ပွေ့လိုက်မယ်နော် အဆင်ပြေမလားဗျ"
"ဟုတ် ဟုတ် မတတ်နိုင်ဘူးလေ"
"ဟုတ် အဲ့ဒါဆို ပွေ့ပြီနော်"
Meanလဲ သူ့အရှေ့က ဖြူဖြူသေးသေး
ကောင်လေးကို ပွေ့ချီလိုက်ပြီး သူ့ကားထဲကို
ထည့်လိုက်တယ် စက်ဘီးကိုတော့ အနီးနားတဝိုက်မှာခဏအပ်ထားလိုက်ပြီး
ကားပေါ်တက်ကာ မောင်းထွက်လာခဲ့တယ်...
သိပ်မကြာခင်မှာပဲ တိုက်အိမ်လှလှလေးတလုံးကို
ရောက်လာခဲ့တယ် Meanကလဲ ကားပေါ်က
ကောင်လေးကို ခုနကလိုပွေ့ချီပြီး အိမ်ထဲကိုခေါ်လာခဲ့တယ်....
2wish's One Shotစုစည်းမှုများOnde histórias criam vida. Descubra agora