💙💚 ရန်မဖြစ်တော့ဘူး 💚💙

499 41 6
                                    

"တူ...တူ....တူ...လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ
မအားသေးပါသဖြင့်.."

"ကြည့်စမ်း...ငါ့ဖုန်းကို မကိုင်ပဲချလိုက်ပြန်ပြီ...
ဂိမ်းပဲဆော့နေမှာပေါ့...တွေ့ကြသေးတာပေါ့ Planရာ.."

Planကိုသတိရလို့ အိပ်ခါနီးဖုန်းလေးဆက်တာကို
ဖုန်းဝင်နေတာကိုမကိုင်ပဲ ချလိုက်တဲ့ သကောင့်သား....
သူငယ်ချင်းဘဝကနေ ချစ်သူတွေဖြစ်လာတာဆိုတော့
ပြောမနာဆိုမနာဖြစ်နေကြတဲ့ ချစ်သူရည်းစားဘဝ...
အားတိုင်း ရန်သတ်နေကြတဲ့ ကျွန်တော်တို့ချစ်သူနှစ်ဦး...
ဘာလို့ရန်သတ်ကြတာလဲမေးရင်တော့....

"Mean... ငါ့ကို ဂိမ်းဆိုင်လိုက်ပို့ပေးစမ်းပါ...
ဂိမ်းခွေအသစ်တွေရောက်ပြီတဲ့..."

ဟိုနေ့ကကိစ္စနဲ့မကြည်လို့ သူ့ဆီကိုမဆက်သွယ်ပဲနေနေတာကို
ခုတော့ အိမ်အထိပေါက်ချလာကာ ဂိမ်းဆိုင်လိုက်ပို့ပေးပါတဲ့...
ဒီကကောင်ရဲ့မျက်နှာ ဘာဖြစ်နေသလဲလဲ သူမသိဘူး...
တခါလာလည်း ဂိမ်း...တခါလာလည်း ဂိမ်း....
ကြာတော့ အဲ့ဒီဂိမ်းဆိုတဲ့အသံကိုတောင် မကြားချင်တော့ဘူး...တခါတလေဆို ဘောလုံးပွဲတောင်ပါလိုက်သေးတယ်...
သူနဲ့ကျွန်တော် တစက်ကလေးမှ အသွင်မတူဘူး...
တခါတလေတော့ တွေးမိတယ်...
ဒီသကောင့်သားကို ကျွန်တော် ဘာကြည့်ကြွေပြီး ဘယ်လိုချစ်မိသွားတာလဲလို့...
ခုလဲကြည့်လေ အလိုက်မသိ လာပူဆာနေပြန်ပြီ....

"ဘာလဲ...ခုမှ ဘာလာလုပ်တာလဲ...ငါ မအားဘူး..."

"မင်းက မအားရအောင် ဘာလုပ်နေလို့လဲ...ငါတွေ့တာကတော့
ဇာတ်ကားထိုင်ကြည့်နေတာပဲ တွေ့တယ်.."

"အေးလေ...အဲ့ဒါကြောင့် မအားတာ.."

"ဘာ...ပြီးမှပြန်ကြည့်လဲရတဲ့ဟာကို...လာပါ...
လိုက်ပို့စမ်းပါ..."

"မရဘူး...အရှိန်ပျက်တယ်...ပြီးတဲ့အထိကြည့်မှာ...
သွားချင်ရင် ပြီးတဲ့အထိစောင့်...ဒါပဲ..."

"အာ...မင်းဟာက ဘယ်တော့ပြီးမှလဲ...
ဒါကြီးက အတွဲလိုက်ကြီးကို...ငါ့ကို သပ်သပ်ညစ်တာမလား...ဟမ်..."

"မညစ်ပါဘူး...မင်းတောင် ဂိမ်းဆော့တာအရှိန်ပျက်လို့
ငါ့ဖုန်းကိုတောင်မကိုင်ဘူးမလား...ငါလည်း ဇာတ်ကားကြည့်တာ အရှိန်ပျက်ခံပြီး မင်းကိုလိုက်မပို့နိုင်ဘူး...OK..."

2wish's One Shotစုစည်းမှုများTahanan ng mga kuwento. Tumuklas ngayon