💙💚 Be Something For You 💚💙

442 36 5
                                    

"Plan...ဘယ်သွားချင်လဲ..
ငါ ဒီညနေ အလုပ်အားတယ်..."

"ငါလား...အင်း....စဉ်းစားဦးမယ်..."

ခေါင်းလေးစောင်းငဲ့ကာ စဉ်းစားနေတဲ့
Planပုံစံလေးကို ကျွန်တော် လက်ပိုက်ကာ
ရပ်ကြည့်နေမိတယ်...Planဆိုတာ ကျွန်တော့်ချစ်သူ...
ကျွန်တော့်အသက်ထက်မက ချစ်ရသူ....
ကျွန်တော့်ဘဝလက်တွဲဖော်အဖြစ်သတ်မှတ်ထားသူ..

"Mean...ငါတို့ ညဈေးတန်းဘက် သွားလည်ရအောင်လေ..ဒီနေ့ ဈေးရောင်းပွဲတော်
ရှိတယ်ကြားတယ်...သွားရအောင်.."

"အင်း...မင်း သဘောလေ...သွားကြတာပေါ့..."

သူ့သဘောကျ အိမ်နဲ့သိပ်မဝေးတဲ့
ဈေးပွဲတော်ဘက်ကို ဦးတည်လိုက်ကြတယ်....
သူပျော်ရင် ကျွန်တော်ကျေနပ်တယ်...

"Plan...နည်းနည်းဝေးတယ်ဆိုတော့ တက္ကစီနဲ့သွားရအောင်လေ..."

"ဟင့်အင်း...သူများတွေတောင် လမ်းလျှောက်သွားနေကြတာ...
ငါတို့လည်း လမ်းလျှောက်သွားမယ်လေ..."

"ရတယ်လေ...ငါက မင်းညောင်းမှာစိုးလို့ ပြောတာ..."

"ရတယ်...ငါ လျှောက်နိုင်တယ်...အေးဆေးပါ..."

ဈေးပွဲတော်ရှိနေတော့ လမ်းမတလျှောက်
ကားတွေ ဆိုင်ကယ်တွေ စက်ဘီးတွေ လူတွေနဲ့အရမ်းရှုပ်တာပဲ...ကျွန်တော့်မှာ လမ်းလျှောက်ရင်းနဲ့ ကျွန်တော့်ချစ်သူ
သေးသေးလေးကို အရိပ်တကြည့်ကြည့်
ကြည့်နေရတာ...လူတွေအရမ်းတိုးတော့
ကျွန်တော့်ချစ်သူ တခုခုဖြစ်သွားမှာစိုးလို့...

"Plan...ငါ့ဘက်တိုးလျှောက်...လူအရမ်းကြပ်တယ်..."

Meanပြောလည်းပြော လက်ကလည်း Planလက်လေးတဖက်ကို လှမ်းကိုင်လိုက်တယ်...
လူအရမ်းတိုးတော့ လူကွဲသွားမှာလည်း
စိုးရိမ်နေမိတာ...ကျွန်တော် သူ့လက်ကိုင်လိုက်လို့
လူအရမ်းတိုးနေတဲ့ကြားကနေ သူ
ကျွန်တော့်ကို မော့ကြည့်လာတယ်....
ကျွန်တော် မေးဆတ်ပြလိုက်တယ်...

"ဘာမှမဟုတ်ဘူး...ကျေးဇူးပဲ..."

"အင်း..."

တဖြေးဖြေးတိုးလာရင်း ပူဖောင်းအသေးလေးတွေကို
သေနတ်နဲ့ပစ်ကာ ဆော့ရတဲ့နေရာရောက်လာတယ်...
ကျွန်တော်က သူ့လက်ကိုဆွဲထားရင်း ရှေ့ကနေဦးဆောင်ကာ တိုးနေတာမို့
အဲ့နေရာရောက်တော့ ကျွန်တော့်လက်ကို
သူကပြန်ဆွဲထားတယ်...ဘာလဲဆိုပြီး လှည့်ကြည့်လိုက်တော့...

2wish's One Shotစုစည်းမှုများحيث تعيش القصص. اكتشف الآن