💙💚ရင်ခုန်သံထပ်တူ..💚💙

848 47 2
                                    

"ဟာ..."

Photo Shootingတခုရှိလို့အလုပ်တွေ
မအားတဲ့ကြားက P'Planဘာပို့စ်တွေများ
တင်ထားမလဲဆိုတာကို သိချင်လို့် Twitterဖွင့်ကြည့်လိုက်တဲ့ခဏ.... တက်လာတဲ့သတင်းတွေကြောင့်
Meanမျက်လုံးတွေပြူးပြီး အသက်ရှုတွေတောင် ရပ်မလိုထိဖြစ်သွားရတယ်လေ ခဏလောက်ဟိုကြည့်ဒီကြည့်လုပ်ပြီး
ချက်ချင်းပဲ P'ဆီကိုဖုန်းခေါ်လိုက်တယ်
ဒါပေမဲ့....တဖက်က စက်ပိတ်ထားပါတယ်ဆိုတဲ့
အသံပဲကြားတော့ ဒီသတင်းကို
P'တွေ့ပြီးပြီဆိုတာ သေချာသွားခဲ့ပါပြီ...

"ဟာကွာ...ပြသာနာတော့တက်ပြီ"

မတက်ပဲနေမလား အခုလက်ရှိသူနဲ့
ဇာတ်ကားတွဲရိုက်နေတဲ့ တက်သစ်စမင်းသမီးလေး
Roseနဲ့ ချစ်သူရည်းစားတွေ
ဖြစ်နေပါတယ်ဆိုတဲ့ သတင်းတွေတက်လာလေ...

Gamerသမားဖြစ်တဲ့P'က အမြဲလိုလို
Onlineမှာရှိနေတတ်တဲ့ သူတယောက်မို့ ဒီသတင်းကိုမြင်မှာအသေအချာပဲ..
ကျွန်တော်အခုစိုးရိမ်တာက မင်းသမီးနဲ့
သတင်းထွက်တာကို မဟုတ်ပဲ ကျွန်တော့်P'အရမ်းစိတ်ထိခိုက်နေမှာကိုစိုးတာ...
ဘယ်လိုရှင်းပြရမလဲတောင်မသိတော့ဘူးP'ရာ...

ညသန်းခေါင်ထိအလုပ်လုပ်လိုက်ရပြီး
အလုပ်ပြီးတာနဲ့ တခါတည်းအိမ်ကိုမပြန်နိုင်သေးပဲ ချစ်ရတဲ့P'Planအိမ်ကို အမြန်မောင်းလာခဲ့တယ် သတင်းတွေတက်မလာခင် မနက်ကထိP'နဲ့ဖုန်း
ပြောခဲ့တာမို့ ဒီနေ့P'ရဲ့မေမေတို့ကဆွေမျိုးအိမ်မှာ
သွားအိပ်ကြမယ်ဆိုတာကို သိထားတယ်လေ
အဲ့ဒီတော့အိမ်မှာ P'Planတယောက်တည်းပဲရှိနေမှာ...

P'Planတို့က BKKမြို့ထဲမှာ ခြံကျယ်ကြီးနဲ့နေတာလေ
P'တို့မိသားစုက BKKမှာဆိုရင်
ချမ်းသာတဲ့ အသိုင်းအသိုင်းထဲမှာပါတယ်
စီးပွားရေးလုပ်ငန်းရှင်တွေပေါ့...
အခုP'ရဲ့အိမ်ရှေ့ကိုရောက်တော့ ကားကို
အမြန်ရပ်လိုက်ပြီး ခြံတံခါးကဘဲလ်ကို
သွားနှိပ်လိုက်တယ်..အကြာကြီးနှိပ်လဲ
တံခါးကမပွင့်လာဘူးလေ...P'တို့ရဲ့ခြံဝန်းတံခါးက
လူကိုယ်တိုင်လာဖွင့်စရာမလိုပါဘူး အိမ်ထဲကနေ
remoteနဲ့ဖွင့်လို့လဲရတဲ့အမျိုးအစားပါ..အခုက
သူလာမှန်းသိလို့ တမင်သပ်သပ်မဖွင့်ပေးတာလေ...
မတတ်နိုင်ဘူး ပါးစပ်နဲ့အော်ခေါ်ရတော့မှာပဲ...

2wish's One Shotစုစည်းမှုများDonde viven las historias. Descúbrelo ahora