ကလေး"
သူမ ခါးကိုနောက်ကနေပြေးဖက်ပြီး အတန်ကြာ
ယွန်း ကိုလှည့်၍ကြည့်သော သူမမျက်နာလေးသည်
မျက်ရည်များနှင့်နီမြန်လို့ အသားတို့သည်လည်း
တုန်ခါနေပြီမဟုတ်လား။ သူကလေးကိုယ်ကိုရင်ခွင်ထဲ
ပြစ်ထည့်လိုက်ပြီး တင်ကျပ်စွာဖက်ရင်း.."တောင်းပန်ပါတယ် ...မ တောင်းပန်ပါတယ်"
"မ သတ်ပြစ်တာမှ ခံသာသေးတယ် စောနကစကားလုံး
တွေနဲ့တော့ မစော်ကားပါနဲ့"ကလေးမျက်ဝန်းမှ မျက်ရည်စများကို ယွန်း လက်ဖမို့လေး
နဲ့တစ်ယုတယသုတ်ပေးရင်း သူမလက်ကိုဆွဲကာနီးစပ်ရာ
တန်းဆောင်အောက်သို့ ဝင်ထိုင်မိသည်။"မ ကို စိမ်းသိပ်ချစ်တယ်.. ဘယ်သူကိုမှဒိလို
မချစ်ခဲ့ဘူးဆိုတာတော့ မ ယုံပါ မကိုစတွေ့တုန်းက ဒိ
လောက်အသိုင်အဝိုင်းကြီးမယ်လို့ မထင်ထားဘူး ပြီး
တော့ စီမ်း ချစ်ရမဲ့သူ မိန်းကလေးလို့လည်း မရည်ရွယ်
ထားဘူး ဒါကြောင့် မ ရုတ်တရက်မေးလာတဲ့ မေးခွန်းတို့
ကိုမုသားသုံးပြီးဖြေမိလိုက်တယ် ဒါကလည်း မ တို့အသိုင်း
ဝိုင်းထဲဝင်ဆံနိုင်အောင် စိမ်း ကိုအထင်မသေးအောင်
အမှန်မပြောဘဲလိမ်ညာမိပါတယ် ဒိအလိမ်ညာတွေတစ်
ချိန်ချိန်မှာရင်ဆိုင်ရမယ်မှန်း ကလေးကြိုသိပြီးသားပါ
ခံနိုင်ရည်ရှိအောင်လည်း ကြိုးစားခဲ့ပါတယ်
တကယ်လက်တွေ့ကြတော့ ကလေးလေ မ ကိုခွဲခွာ
ပို့မပြောနဲ့ မအသံကိုမကြားရရင်တောင် မနေနိုင်တဲ့ဘဝပါ"သူမျက်နာလေးပေါ်မျက်ရည်ပေါက်များကို လက်မလေးနဲ့သပ်ပြီးဆက်ပြောသည်။
"စိမ်း မိဘတွေက မ ထင်သလိုအသိုင်းဝိုင်းကြီးထဲမဟုတ်
ကပါဘူ ဖေဖေက ဘတ်ကားမောင်းတဲ့သူ တစ်နေ့လုပ်မှတစ်
နေ့စားဘဝပါ ဖေဖေနောက်မိန်းမယူလိုက်တော့ မိထွေးနဲ့
မတည့်တာနဲ့ အဆောင်မှာနေခဲ့တာပါ စိမ်း ကငယ်ငယ်က
တည်းကမပြည့်စုံတာပါ မ "
YOU ARE READING
In Heartbeat
Non-Fiction"ကလေးအချစ်တွေကို နားလည်လာတဲ့တစ်နေ့ အနားမှာရှိပေးနိုင်မလား..." "မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ကိုရောက်ပို့အတွက် မ မှာညဉ့် တာရှည်လွန်းတယ်ကွယ်..."