"ကလေး သဃန်းကျွန်းက ဘယ်သူအိမ်သွားမလို့လည်း
ဟင်အဲ့ဒီမသွားဘဲ နယ်ကိုပြေးလို့ကောမရဘူးလား မ
ကိုအဝေးပြေးဂိတ်မှာချိန်းတော့ နယ်ဘက်ကိုသွားမယ်
ထင်မိတာ""အစကပြင်ဦးလွင်တစ်ခါထဲတန်းသွားမလို့ဘဲ မရဲ့
လောလောဆယ်ဒိသဃန်းကျွန်းမှာပဲ ဒိတစ်ညဖြစ်ဖြစ်
တည်းမှရမယ်ဘာလို့လည်းဆို...""အဝေးပြေးဂိတ်က ကားက ညမှထွက်မှာမို့ မလား"
"အင်း ..မ ဒိနေ့အိမ်မပြန်ဘူးဆိုတာနဲ့ သူတို့ စိမ်း
နဲ့ထွက်သွားမှန်းရိပ်မိမှာ အဲ့ကြဂိတ်ကိုလာရှာလို့
တွေ့သွားရင်ဘယ်လို လုပ်မလည်း မ ရဲ့""ဟာ..ကလေးကလည်းနိမိတ်မရှိ နမာမရှိ
မမိပါစေနဲ့လို့ ပြန်ဆုတောင်း ကလေးရာ""မရယ်တကယ်ကို ကလေးလေးကြနေတာဘဲ"
"မနောက်နဲ့ကွာ ဒီမှာစိတ်ပူနေတာ"
နှုတ်ခမ်းလေးဆူပြီး ကလေးဆန်စွာစိုးရိမ်ပူပန်နေသောမကို ချစ်စိတ်တွေပို့လို့တိုးဝင်စွာ......."မင်း..သမီးကော"
ဦးထွန်းရီနဲ့အမေးစကားကြောင့်ဒေါ်သန်းသန်းအေးသတင်းစာဖတ်နေရာမှစာကြည့်မျက်မှန်ကို ခုံပေါ်တင်လိုက်ပြီး"သမီးလားမနက်ကတည်းကဆေးရုံသွားတယ်လေ"
"ဘာ ...အဲ့တာတော့ငါလည်းသိတာပေါ့ အခုဘယ်အချိန်ရှိ
နေပြီးလည်း မင်းနာရီကောကြည့်ရဲ့လား"
ပန်းချီကားအပေါ်က လှပစွာချိန်ဆွဲထားသော တိုင်ကပ်နာရီကိုလှမ်းကြည့်ပြီး."ဟုတ်သားဘဲခြောက်နာရီတောင်ခွဲနေပြီ
သမီး အခုချိန်ထိပြန်မလာသေးဘူး""မင်းကွာ ...ကိုယ့်သမီးအိမ်ပြန်ချိန်တောင်မသိဘူး
လား ဖုန်းဆက်စမ်းအခု..."အိမ်မှခိုင်းထားသောနော်အဲမှုက အထိုင်ဖုန်းခလုတ်ကိုလျှင်
မြန်စွာနှိပ်ရင်း.."ဟို...မမလေးဖုန်းက ဧရိယာပြင်ပဖြစ်နေပါတယ်မေမေ
ကြီး ..."
YOU ARE READING
In Heartbeat
Non-Fiction"ကလေးအချစ်တွေကို နားလည်လာတဲ့တစ်နေ့ အနားမှာရှိပေးနိုင်မလား..." "မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ကိုရောက်ပို့အတွက် မ မှာညဉ့် တာရှည်လွန်းတယ်ကွယ်..."