"ဟယ်...စိမ်းရယ် နင်ပိုပြီးတော့တောင်လှလာလိုက်တာ
ကြည့်စမ်းစင်ကာပူမှာနေပြီး နိုင်ငံခြားသူလေးလိုဖြစ်လို့...""ဟုတ်လား...နင်ပြောမှကိုယ့်ကိုတောင်သတိထား
မိတော့တယ်""ကမစုတ်..ပြောကာမှဘဝကမြင့်ပြန်ပြီး"
သူပခုံကို ရတုကလက်သီးဆုပ်ဖြင့်လှမ်းပုပ်၏။"သြော်...တကယ်ပြောတာပါ ငါဘဝမှာလေ မ
မရှိကတည်းက အလှအပဆိုတာလည်း
မရှိတော့ပါဘူးရတုရာ"
အဝေးသိုငေးရီပြီးပြောရင်း.."အမယ့်ပြောစမ်းပါဦး ဟိုမှာကောင်လေးဘယ်
နှစ်ယောက်ကရှင့်ကို လိုက်နေလည်းဆိုတာ..""ရတုနော်...မ သာကြားရင်နင့်ကိုစိတ်ဆိုးလိမ့်မယ်
သိလား""ဟီး...ခုဆိုငါသူချင်း နှစ်နစ်ပြည့်ဖို့ ရက်ပိုင်းပဲလို
တော့တာဘဲဟာ ခုဆိုဗမာပြည်တောင်ပြန်ရောက်နေပြီ
မမသုန်သာသိရင်အတော်လေးပျော်သွားမှာသိလား..""နင်ပြောတော့ အိမ်ပြောင်းသွားပြီးဆို..သေချာရဲ့လား"
"အင်းလေ..နင်ထွက်သွားတဲ့တစ်နစ်ကျော်အကြာက သူ
အဘိုးကြီး နလုံးရောဂါနဲ့ရုတ်တရက်ဆုံးသွားတယ်ဟာ
ပြီးတော့ သူအမေနဲ့သူညီမ မတည့်ဖြစ်ပြီး အမွေဆိုင်အိမ်
ကိုတစ်ယောက်တစ်ဝက်ခွဲတယ်လို့ကြားတယ်အဲ့တာနဲ့
သူတို့မိသားစုဘယ်ရောက်သွားမှန်း စုံးစမ်းလို့မရတော့
ဘူးဟ""စိတ်ညစ်လိုက်တာ ရတုရယ်...မြန်မာပြည်ကိုပြန်ရောက်
တော့လည်း ကြားကြားခြင်းသတင်းက မ တို့အိမ်ပြောင်း
သွားပြီတဲ့လား...မကိုအရမ်းတွေ့ချင်ပါတယ်ဆိုမှဟာ""မြန်မာပြည်ကကျဉ်းကျဉ်းလေးပါဟာ...နင်တို့ဖူးစာ
မှန်ရင်တစ်နေ့ပြန်ဆုံကြမှာပါ"
ရတုကိုလက်ဆောင်များပေးကာနှုတ်ဆက်ပြီး အဆောင်မှထွက်လာလိုက်သည်။ခုဆို သူမမြန်မာပြည်ပြန်ရောက်တာနှစ်ရက်ရှိခဲ့ပြီ။ပြည့်ပသွားနေစဉ်နှစ်နစ်အတွင်းကိုယ်ပိုင်ကုမ္မဏီတစ်ခုကိုထောင်နိုင်ပြီးceoဖြစ်လို့နေပြီ။
YOU ARE READING
In Heartbeat
Sachbücher"ကလေးအချစ်တွေကို နားလည်လာတဲ့တစ်နေ့ အနားမှာရှိပေးနိုင်မလား..." "မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ကိုရောက်ပို့အတွက် မ မှာညဉ့် တာရှည်လွန်းတယ်ကွယ်..."