ကလေးနှင့်စားသောက်ခဲ့ ရုပ်ရှင်ကြည့်ခဲ့သောပျော်ရွင်မှုတို့သည်ခြံဝင်းထဲဝင်လာစဉ်စိုမိုးကားကို ထရကြမ်းထွက်လာတာကြောင့်ဘေးကပ်ရပ်ကာ လမ်းဖယ်ပေးလိုက်သည်။
"ဘယ်လိုဖြစ်တာလည်းစိုမိုး မင်း ရိုင်းလှချည်လား"
သူပြောတာကို စိုးမိုးဘာမှပြန်မပြောခဲ့ အရင်ညနေဘက်ယွန်း ပြန်ရောက်ချိန်ကိုစောင့်၍ သူ့ ဆီမှမုန့်ဖိုးကို
မရရအောင်ကပ်တောင်းနေကျ စိုမိုးခုတော့
မျက်ထောင့်ကြီးနီ၍ ယွန်း ကိုယောင်လို့တောင်မှ
ကြည့်မသွားပါ။ခြံတကားကိုဦးဘသောင်းလာဖွင့်ပေးတော့ အထဲသို့ဝင်လိုက်သည်။"သမီး...မာမီတို့ဆီလာဦး"
ဧည်ခံကိုကျော်၍ အတွင်းအိမ်ခန်းထဲဝင်မယ်လုပ်သော
ယွန်း ခြေလှမ်းတို့သည်မာမီအသံကြောင့်တုံ့ခနဲ့ရပ်လိုက်သည်။ဘေးကိုငဲ့၍ကြည့်တော့မာမီနဲ့ဒယ်ဒိ ခက်ထန်သောမျက်နှာထားကိုမြင်၍ ရင်ထဲတစ်လှပ်လှပ်အခုန်မြန်လာသည်။ပြသနာတစ်ခုတော့ဖြစ်ပြီဟု စိတ်ထဲတွင်ထင်ကာ တုံနှေးသောခြေလှမ်းအစုံဖြင့်မာမီနှင့်ဘေးတိုက်အနေအထားဆိုဖာမှာဝင်ထိုင်သည်။"သမီး ဒီနေ့ဘယ်သွားလဲ"
မေးလာသော မာမီလေးသံသည်ခက်ထန်လွန်းသည်ဟုထင်သည်။မာမီကိုပြန်မကြည့်ရဲသော်လည်း မာမီရဲ့စူးရှုတဲ့မျက်ဝန်းအစုံက သူ့ကိုစူးစိုက်စွာကြည့်မှန်း သိနေသည်။
"ဆေးရုံကဘဲ ပြန်လာတာမာမီ"
မျက်နာအောက်ငုံလျှက်ပြန်ဖြေသော ယွန်း လေသံသည်ကိုယ်ကိုယ်တိုင်ပင်ပြန်မကြားရအောင်တိုးငြင်းလေသလားမသိ။
"ဘာပြောတယ်သမီး"
ဟုထက်ကာမေးသော မာမီလေသံကိုပြန်ကြားရသည်။"ဘယ်မှမသွားပါဘူးပြောတာပါမာမီ"
"မာမီကို မလိမ်နဲ့နော်သမီးဘာတွေလုပ်နေတယ်ဆိုတာ မာမီအကုန်သိပြီပြီ လူကြားလိုမှမကောင်း သမီးကောင်မလေးတစ်ယောက်နဲ့ ရုပ်ရှင်ကြည့်ခဲ့တယ်မဟုတ်လား ပြီးတော့အဲ့ကောင်မလေးနဲ့သမီးက"
YOU ARE READING
In Heartbeat
No Ficción"ကလေးအချစ်တွေကို နားလည်လာတဲ့တစ်နေ့ အနားမှာရှိပေးနိုင်မလား..." "မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ကိုရောက်ပို့အတွက် မ မှာညဉ့် တာရှည်လွန်းတယ်ကွယ်..."