ဒီလိုနဲ့ ကျွန်မ တို့ရဲ့ (၈) တန်းနှစ်ကြီးက သာယာတစ်လှည့် စိတ်ညစ်တလှည့်နဲ့ ပြီးဆုံးသွားတော့သည်။မှတ်မှတ်ရရ ဆို ကျွန်မ တို့ ကျောင်းနောက်ဆုံးနေ့က ကျွန်မတို့ သူငယ်ချင်းတွေ မတွေ့ရဘူးဆိုပြီး ဖက်ငိုခဲ့တာပါပဲ။ မြင်လိုက်ရတဲ့ မိဘတွေလည်း ကျွန်မတို့ အဖြစ်ကို စိတ်မကောင်း ဖြစ်ပြီး နွေရာသီ ကျောင်းပိတ်ရက်ကို ခရီးထွက်ဖို့ ခွင့်ပြုပေးခဲ့သည်။ပြီး အဲနှစ် နွေရာသီက ကျွန်မ တို့ အားလုံး ပိုပြီး အပျိုကြီးတွေပုံ ပေါက်လာခဲ့တာ အမှန်ပေါ့လေ။
နွေရာသီ ကျောင်းပိတ်ရက် တစ်ရက်ကျ ကျွန်မ တို့ သူငယ်ချင်းတွေ ခရီးထွက်ဖို့ ကံတရားက ဖန်တီးပေးလာတော့သည်။
"လာမဲ့ သင်္ကြန် ညီညီ က သူတို့မွေးရပ်မြေဖြစ်တဲ့ သန်လျင်မှာ အလှူ လုပ်မလို့တဲ့...မောင်တို့ မိသားစုကို ဖိတ်လိုက်တယ်"
"အေးလေ သွားရမှာပေါ့..."
"အဓိကကဟေ သူရဲ့ မိန်းမ အသစ်လေးကို ကြွားချင်နေတာ"
"ဟုတ်လား ဟို ကောင်မလေးပဲလား.."
"အေး သူနဲ့ ၁၆နှစ် ကွာတယ်လေ သူမိဘတွေ သဘောမတူလို့ ကောင်မလေးက သေကြောင်းကြံမယ်တောင် လုပ်တာလေ.."
"အေးလေ ကောင်မလေးမိဘတွေဘက်က ကြည့်ရင် ဘယ် သည်းခံ လက်ခံ ချင်ပါ့မလဲ အသက်အဲလောက်ကြီးတော့ အဲဒါ တောင် လွန်ခဲ့တဲ့ ၉နှစ်လောက်ကတည်းက တွဲနေတာ အခုမှ ယူမှာတဲ့လား"
"ဒါတောင် ကလေးမ ကိုယ်ဝန်ရသွားလို့တဲ့"
"အမလေး မြတ်စွာဘုရား"
ဖေဖေတို့ ဧည့်ခန်းမှာ ပြောနေသော စကားများကို ထမင်းစားပွဲမှာ ထမင်း ထိုင်စားနေသောကျွန်မ အကုန်ကြားလိုက်ရသဖြင့် ဝမ်းလည်း ဝမ်းသာသလို ဘာလုပ်လို့ ဘာကိုင်ရမလဲ ဖြစ်မိသည်။ ကျွန်မ ကျောင်းပိတ်ရက်မှာ ကျွန်မ အမြဲ စဉ်းစားမိသည် ။(ငါ ဆရာကို ချစ်တာလား သံယောဇဉ် ဖြစ်တာလား )အမျိုးမျိုး ကျွန်မ တွေးမိသော်လည်း အဖြေမှာ အမြဲ နှစ်ခွ ဖြစ်နေလေသည်။ဆရာကို မတွေ့ရသဖြင့်လည်း လွမ်းသလို ဆွေးသလို ရှိမိသည်။လဲ့လဲ့မှ ကျွန်မအား ဆရာဖုန်းနံပတ်သိနေသော်လည်းသူငယ်ချင်းတွေကလည်း ဖုန်းဆက်ရန် တိုက်တွန်းသော လည်း ကျွန်မ မိန်းမလေးပီပီ ဒီနေရာမှာတော့ အရှက်အကြောက်ရှိမိသော်ကြောင့် မဆက်ဘဲသာ သိုဝှက်ထားမိသည်။ ထိုကြောင့် ဖေဖေတို့ရဲ့ စကားဝိုင်း ထဲကျွန်မ ဝင်၍ စကားစမြည်ပြောလေသည်။
BINABASA MO ANG
ငယ်ချစ်ဦး(Childhood's Beloved Flame)
Short Storyအချစ်ဦး ရှိခဲ့ရင် နားလည်နိုင်မယ်ထင်ပါတယ်