ဆုံမှတ် (၁၇)

2.3K 118 1
                                    

အဲအချိန် ကျွန်မတို့ အခန်းထဲသို့ ဆရာ ဝင်လာသည်။

"ဟဲ့ မြတ် ဟိုမှာ...." လို့ သရဖီက ကျွန်မကို ဆရာလာရာလမ်းကို ပြတော့သည်။

"ဆရာ.."

"သက်သာရဲ့လား"

"ဟုတ် သက်သာတယ် သမီး ဘာမှမဖြစ်ပါဘူး.."

"မသက်သာရင် ပြောနော်...မပြောဘဲ မနေနဲ့.."

"သက်သာတယ်သာ မြတ် နင်ပြောနေတာ နင် ပုံစံကတစ်မျိုးကြီး ငါမျက်လုံးထဲ" လို့လဲ့လဲ့ ကျွန်မ ကို ကြည့်ရင်း ပြောတော့သည်။

"အေးလေ ငါပြောသားပဲ ပိန်သွားပါတယ်လို့"

ထိုအချိန် ကျွန်မတို့အခန်းကို ကြီးမှုးတဲ့ အတန်းပိုင် ဆရာမ ဝင်လာသည်။တီချယ် က ကျောင်းကိုဒီနှစ်မှ ပြောင်းလာတဲ့ ဆရာမဖြစ်ပြီးအသက်က ၅၀ကျော်လောက်ရှိရဲ့ အင်မတန် အေးကာ
တပည့်များအပေါ် သားသမီးကဲ့သို့ နွေးထွေးစွာဆက်ဆံသည်။state ကျောင်းများကဲ့သို့ အတန်းပိုင် စာမသင်ရသောလည်း ကိုယ်ပိုင် စာကျက်ချိန် အဖြစ် နေ့တိုင်း ကျောင်းအချိန်စာရင်းတွင် ပါသောကြောင့်ကျွန်မတို့ စာလုပ်ချိန် တီချယ်ကို သွားမေးလို့ရသည်။တီချယ်ရဲ့ အားသာချက်မှာ တီချယ် မသိသော စာမရှိပေ။ဒါပေမဲ့ တီချယ်က ဆရာ အရင် ရည်းစားဟောင်း(စံပယ်ဖြူ)ရဲ့ အမ အရင်းပင်ဖြစ်နေလေသည်။

"ဟယ် မင်းကိုဇော် မောင်လေး"

"ဟယ် မမခိုင်.."

"ငါမောင်က ဒီကျောင်းမှာလား"

"ဟုတ်တယ် မမခိုင် ကျွန်တော် ဒီကျောင်းစဖွင့်တည်းက ဒီမှာ သမိုင်းနဲ့ မြန်မာစာ သင်ပေးတယ်"

"မင်း နဲ့ မတွေ့ရတာ နှစ်ပေါင်းကြာပြီး"

".ဟုတ်ပါ့ မမခိုင်ရယ် ကျွန်တော် သတိရပါတယ်"

"လူပျိုကြီးပဲလား.."

"ဒါပေါ့ဗျာ.."

"မမခိုင်ကို ကျွန်တော် အရင် က မတွေ့မိပါဘူး၊ဒီနှစ်မှ ဝင်တဲ့လား..."

"ဟုတ်တယ် ဇော်ဇော်ရေ မမခိုင် လွန်ခဲ့တဲ့ April ကမှ ကနေဒါက ပြန်ရောက်တာ ဟိုက မြန်မာ ကလေးတွေကျောင်းမှာဆရာမ လုပ်ခဲ့တာ ၁၅နှစ်တောင်ကြာသွားပြီး"

ငယ်ချစ်ဦး(Childhood's Beloved Flame)Où les histoires vivent. Découvrez maintenant