"သမီး အခု ဘာလုပ်နေလဲ " လို့မေးတဲ့ဆရာ မေးခွန်းကို ကျွန်မ လည်း ချက်ချင်းဆိုသလို ပြုံးပြီး
"အခု ကျောင်းတတ်မလို့ပါ ဆရာ သူငယ်ချင်း အသစ်တွေနဲ့"
"သမီး အဆင်ပြေ တယ်မလား"
"ပြေခဲ့ပါတယ်... အချိန်အတိုင်းအတာ တစ်ခုထိပေါ့"
"ဆရာလည်း သမီးကို.....သတိရနေပါတယ် တစ်ချိန်လုံး"
"သတိရပေးတာ ကျေးဇူးတင်ပါတယ်.."
ဆရာနဲ့ကျွန်မ လည်း အကြည့်တွေပဲ ဆုံနေပြီး ရင်တွေလည်း ခုန်လျက်ဖြစ်နေတော့သည်။
ထိုအချိန်.ရှေ့တွင် ကား အဖြူရောင် တစ်စီးမှ ကလေး (၅)နှစ် အရွယ်လောက်က ဆရာကို (ဖေဖေကြီး လို့)လှမ်းခေါ်လိုက်လေသည်။ကားမောင်းသူမှာလဲ အမျိုးသမီး တစ်ဦး ဖြစ်နေသောကြောင့် ကျွန်မ အရမ်း ရှက်စိတ်ဝင်သွားသည်။ဆရာကို ကျွန်မလဲ မကြည့်ချင်ဆုံးအမုန်းတရား များစွာ ပါနေတဲ့ မျက်လုံးနဲ့ ကြည့်၍ ရှက် ရှက်ဖြင့် ပြေးထွက်လာသည်။
နောက်တစ်နေ့ (မသွားခင် တစ်ရက်အလို) ကျွန်မ ကို ထုံးစံအတိုင်းလဲ့လဲ့ တို့ လာနှုတ်ဆက်ကြသည်။
"နင် ကလည်း ဟယ် ရောက်တာမှမကြာသေးထွက်သွားတော့မယ်ဆိုတော့"
"ငါအကုန်စီစဉ်ပြီးသားမို့ပါ သူငယ်ချင်းတို့ရယ်"
"အေးလေ လဲ့ကလည်း... မြတ် ငါကတော့ အားပေးတယ် ချသာချ"
"အေးပါ"
"ဟဲ့ ဒါနဲ့ နင် မျက်လုံးတစ်ဖက် ယောင်နေတယ်" လို့ ကျွန်မ ကိုသေချာကြည့်ရင်း လဲ့လဲ့ကပြောတော့သည်။
"ပြစမ်း ပြစမ်း"
"ဟုတ်တယ်မလား ကြင်း သူမျက်လုံးယောင်နေတာ"
"အေးလေ ဘာလဲ နင် ငါတို့နဲ့ ခွဲရတော့မယ်ဆိုပြီး ငိုထားတာ မလား" လို့ အင်ကြင်း က ကျွန်မကိုနောက်တော့သည်။
"ဒါပေါ့...နင်တို့နဲ့ ခွဲရဦးမှာမို့ ၊စိတ်မကောင်းလို့"
ထိုချိန် သရဖီက ကျွန််မ လက်ကလေးကို ကိုင်ပြီး တောင်းပန်တော့သည်။
"မြတ် နင် ငါကို စိတ်မဆိုးဘူးမလား ဟိုကိစ္စကြောင့်၊ငါတောင်းပန်ပါတယ် သူငယ်ချင်းရယ်..."