ကျွန်မ စာကို လဲ့လဲ့က အင်ကြင်း တို့ကို ပြပြီး ဆရာကို သွားပြလေသည်။ ဆရာတို့ အိမ်ရဲ့ ခြံထဲတွင်
"ဆရာ အတော် ပဲ ဒီမှာ လဲ့လဲ့ ပြန်လာပြီး အိမ်မှာ ဘယ်သူ မှမရှိဘူးလား"
"အမေက အိပ်နေတယ် သီတာက လမ်းထိပ်က ညောင်ပင်က ဘုရားမှာ ကလေးတွေနဲ့ဆော့နေမှာပေါ့၊ဘာလာလုပ်ကြတာလဲ ဒီကလေးတွေ"
".ဆရာ မြတ် အခြေအနေ မမေးတော့ဘူးလား" လို့သရဖီက ထပြောတော့သည်။ဆရာတစ်ချက်မျက်နှာပျက်သွားတော့သည်။
"မြတ် အဆင်ပြေတယ်မလား"
"ရော့ဆရာ..ဆရာကို ပေးခိုင်းလိုက်တာ"
"လဲ့လဲ့ သမီး ပြန်လာတော့ မြတ် တစ်ယောက် ဘယ်လိုနေလဲ ခွဲခန်းထဲ ဝင်နေပြီးလား"
"ဟုတ် ဆရာ သမီး ၃နာရီ လေဆိပ်ဆင်းမှာမို့ ၁နာရီ ထဲက ဆေးရုံက ထွက်ခဲ့ရတာ မို့ နောက်ပိုင်း ကိစ္စ သမီး ဘာမှ မသိလိုက်ရဘူး ဆရာ"
"မြတ် အဆင်ပြေမှာ ပါ ဆရာ...."
"မျှော်လင့်ပါတယ်...သူပျော်စေဖို့ပဲ"
"ဆရာကို သမီးပြောစရာရှိတယ် ဆရာ မုန်းလဲ မတက်နိုင်ဘူး" လို့ သရဖီက ပြောပြန်တော့သည်။
"ဟဲ့.."
"ငါကို မတားနဲ့တော့ ငါကြည့်ရတာ အဆင်မပြေတော့ဘူး"
".ဟဲ့ နင် မြတ် မျက်နှာကို ထောက်ပါဦး"
"နေပါစေ သမီး ပြောချင်တာကို ဆရာကိုပြောပါ"
"ဆရာ ယောကျာ်း မဟုတ်ဘူးလား ဆရာ လိုက်သွားလေဆရာ သတ္တိမရှိဘူးလား ဘာလဲ မြတ်ကို အပျော်တမ်းအားကစား အနေနဲ့ ကစားခဲ့တာလား ၊သူခင်ဗျာ ဘယ်လောက် ကြောက်နေမလဲ ဆရာအတွက်နဲ့ မိဘတွေကိုပါ လွန်ဆန်ရမှာ...သမီးတို့ သူငယ်ချင်းက ဆရာကို ချစ်လွန်း သဘောကျလွန်းနေလို့ သမီး တို့မှာ အမြင်မတော် လည်း ဘေးက လိုက်လျောပေးနေရတာ"
"ဟဲ့.."
"သမီးပြောတာ မှန်ပါတယ် မြတ်နဲ့ ဆရာ က မဖြစ်နိုင်ပါဘူး၊ဒါပေမဲ့ သမီးရယ် ဆရာ သူအဖေ နဲ့ ဂတ်ိကို မဖြတ်ချင်ဘူး ၊ပြီးတော့ ဆရာ မြတ်ကို ယုံတယ်..သူ ဒီကိစ္စတွေကို ကျော်လွှား
ရင်ဆိုင် နိုင်မှာ"