အခန်း(၈)

5.4K 369 21
                                    

Zawgyi

အလုပ်များသည့်လူမို့ မမကြီးချိန်းဆိုသည့်နေရာကလည်း ဆေးရုံနားက ကော်ဖီဆိုင်လေးတစ်ဆိုင်ပင်။လူရှင်းနေသည့် အချိန်မို့ပေလားမသိ ဆိုင်လေးကလူအနည်းငယ်သာရှိသည်။

ဆိုင်လေးထဲ အကြည့်ဝေ့ကာ မမကြီးကိုရှာမိတော့ စားပွဲတစ်ခုတွင်စာအုပ်တစ်အုပ်ဖတ်ကာထိုင်နေသည်ကိုတွေ့ရသည်။

"မမကြီး..ရောက်တာကြာပြီလား"

မမကြီးက သူ့အမေးကို အပြုံးလေးတစ်ခုနှင့်ခေါင်းခါပြသည်။

"တစ်ခုခုမှာလေ ကောင်းကင်၊မမကြီးက ကောင်းကင်ဘာကြိုက်တတ်မှန်းမသိလို့ ကြိုမှာမထားတာ"

" ရတယ်..မမကြီး၊ကျွန်တော် မသောက်တော့ဘူး"

သူတကယ်ပဲ အခုချိန်မှာ ဘာဆိုဘာမှမစားချင်စိတ်မရှိ။ညကလည်း အတွေးလွန်နေသည်နှင့်ညဥ့်နက်မှ အိပ်ယာဝင်မိသည်။

"ကာကာ အိမ်ပေါ်ကဆင်းသွားတာကို ကောင်းကင်သိလား"

"ဗျာ.."

သူအာမေဋိတ်သံသာထွက်လိုက်မိသည်။ကာကာ မမကြီးတိုက်ခန်းတွင် သွားနေတာကို သိပေမယ့် အိမ်ပေါ်ကဆင်းလာသည်လို့တော့ သူမထင်မိ။ကာကာကလည်း သူ့ကို ဘာမှပြောမပြခဲ့။

သူ့ရဲ့ အံ့အားသင့်နေသည့်ပုံကို ကြည့်ပြီး မမကြီးက သက်ပြင်းချသည်။

"ဟုတ်တယ်..အဲ့ဒီနေ့က ဖေဖေနဲ့ကာကာ ပြဿ နာတက်ကြပြီး ဖေဖေက ကာကာ့ကို အိမ်ပေါ်ကနှင်ချလိုက်တာ"

ဒါဆို..ဒါဆို အဲ့ဒီနေ့ညက ကာကာ့မျက်နှာပေါ်မှာရှိနေခဲ့သည့် ဒဏ်ရာတွေက...။ဟား....ကာကာ မင်းငါ့ကို ဒီအကြောင်းတွေကို တောက်လျှောက်ဖုံးကွယ်ထားခဲ့တာပဲ။

သူက ကာကာ့အတွက် ဒီလိုအကြောင်းတွေကိုပြောပြဖို့၊ရင်ဖွင့်ဖို့ အတွက်တောင် အရေးမပါတဲ့လူဖြစ်နေခဲ့တာလား...။ထိုညက နာကျင်ရိပ်စွန်းနေသည့် ကာကာ့ရဲ့မျက်လုံးတွေကို ပြန်မြင်မိပြန်တော့ သူ့စိတ်တို့ရှုပ်ထွေးသွားရပြန်သည်။တကယ်ပဲ ငါကမင်းအတွက်ဘာလဲကာကာ။ငါ့ကို မင်းဘယ်အဆင့်မှာ သတ်မှတ်ထားတာလဲ။

ချစ်ခြင်းတရားဖြင့်လင်းလက်စေWhere stories live. Discover now