Coz L🖤VE 1

1.3K 78 7
                                    

🐰.......အတိတ်ကံ ကျတော် မုန်းတယ်...
လူတယောက်ဟာကိုယ်မသိခဲ့တဲ့ အတိတ်ဘဝကပြုခဲ့တဲ့ ကံတွေကို ဒီဘဝမှာ ဘယ်လောက်ပဲကောင်းအောင်ကြိုးစားနေပါစေ..
အတိတ်ကံမကုန်မချင်းပေးဆပ်နေရတာဟာ မဖြစ်သင့်ဘူးလို့ထင်တယ်...
အတိတ်ကံကိုပေးဆပ်နေရတဲ့သူထဲမှာ ကျတော်လည်းပါတယ်...
အဲ့တာကြောင့် ကျတော်အတိတ်ကံကိုမုန်းတယ်...

" ကျစ် သောက်ရမ်းညစ်ပတ်တယ်...
ဒါလူသွားလမ်းကွ ချီးလိုပဲ မင်းအဖေပိုင်တဲ့လမ်းထင်နေတာလား...
သောက်ခွက်ဖြတ်ရိုက်လိုက်လို့...
ဖယ်စမ်း ငါ့ရှေ့က..."

ဟုတ်ပါတယ် အဲ့လိုကြမ်းတမ်းတဲ့စကားလုံးတွေထွက်လာတာက ဘယ်သူမှထင်မထားတဲ့ အရမ်းယဉ်ကျေးလွန်းခဲ့ဖူးတဲ့ Son ဆိုတဲ့ စတိုင်လ်ခပ်မိုက်မိုက် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့ တင်စားရတဲ့ကောင်လေးဆီကပါ...

ကျောင်းကြီးရဲ့ Main လမ်းမကြီးမှာ အရှေ့ကလူငယ်ကောင်လေးတွေတစ်ဖွဲ့ စနောက်တွန်းထိုးနေကြရင်း အမှတ်တမဲ့ လာစင်တဲ့ဗွက်တွေကြောင့်ရယ် မျက်စိရှေ့မှာယောက်ယက်ခတ်နေတာကြောင့် Son တစ်ယောက်ပါးစပ်မှ ဒီလိုကြမ်းတမ်းတဲ့စကားကိုထုတ်ပြောခဲ့ခြင်းပဲ...
အပြောခံရတဲ့ယောက်ျားလေးတစ်ဖွဲ့ ကြောင်အ နေတုန်း Son ကတော့ သူ့ရဲ့ပြိုင်ကားကြီးပေါ်တက်ပြီး လီဗာအဆုံးထိတင် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်အောင်လုပ်ရင်း မောင်းထွက်သွားခဲ့ပြီလေ...

.........👊👊👊👊👊........

🍩........သြဇီကနေ ထိုင်းနိုင်ငံကို ပြန်လာရဖို့ အချိန်သိပ်မကျန်တော့ဘူး...
Phaw ပေးထားတဲ့အချိန်တစ်နှစ်ပြည့်ခံနီးပြီ...
ထိုင်းနိုင်ငံသားလို့ဆိုပေမယ့်လည်း ကျတော်သြဇီ မှာပဲ ကြီးခဲ့တာလေ...
ပြန်မသွားချင်တော့ဘူး...
ဒါပေမယ့် ယောက်ျားဆိုတာကတိတည်ရမယ်...
နေရာအသစ်မှာ မိသားစုအသစ်နဲ့ အသားကျဖို့က ကျတော့်အတွက်စိန်ခေါ်မှု့တခုပဲပေါ့...
အတွေးစတွေကို ဖြတ်တောက်လိုက်တဲ့ အသံပိုက်ရှင်ကတော့ ကျတော့် Best fri ကြီး David ရယ်ပါ...

" Pin မင်းဘယ်တော့ ထိုင်း ပြန်ရမှာလဲ..."

" နောက်အပတ်ထဲပဲ David... "

Coz L❤VEWhere stories live. Discover now