Coz L❤VE 2

671 70 8
                                    

🐰......Phaw က ကျတော်ငယ်ငယ်ထဲကနေ ကျတော်တို့သားအမိကို နှုတ်ဆက်သွားခဲ့တယ်...

ထက်မြက်တဲ့ Mae ကြောင့်ကျတော်ကအမြဲ ပြည့်ပြည့်စုံစုံနေခဲ့ရပေမယ့် ကျတော့်ဘဝကအမြဲအထီးကျန်ခဲ့တယ်....

ရွှေရှိမှ အမျိုးတော်ကြတယ်ဆိုသလိုပဲ အကုန်ပြည့်စုံတဲ့ကျတော့်ကို အမျိုးတွေကရှေ့မှာဆိုဖူးဖူးမှုတ်ထားကြပေမယ့် ကွယ်ရာဆိုရင်တော့ သနားစရာသတ္တဝါတစ်ကောင်လိုပဲ ဆက်ဆံကြတာ...

Mae အလုပ်တွေကြိုးစားနေတာ သားအတွက်လို့အမြဲပြောနေကြမို့ Mae နဲ့အတူနေရမဲ့တနေ့နေ့ကိုမျှော်မှန်းပြီး ကျတော်လိမ်လိမ်မာမာနဲ့ စာတွေကြိုးစားပြီး Mae စိတ်မပူရအောင်နေပေးခဲ့တယ်...

ငယ်ငယ်ထဲက အချစ်မခံရဘဲတစ်ယောက်ထဲ အထီးကျန်ခဲ့ရတဲ့ကျတော့်အဖို့ Mae ရဲ့ သားအတွက်ကြိုးစားနေတာပါဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ပိုပြီးမတောင်းဆိုရဲခဲ့ဘူး...

နိုင်ငံတကာပတ်စီးပွါးရှာနေတဲ့ Mae တနေ့နေ့ တော့ ကျတော့်အနားပြန်ရောက်လာမှာပါလို့အားတင်းထားရင်း အခုတော့ အဲ့စီးပွါးရေးတွေအတွက်နဲ့ပဲ နောက်အိမ်ထောင်ပြုခဲ့ပြီလေ...

မျှော်လင့်ခဲ့ပေမယ့် ရမလာနိုင်ခဲ့တဲ့ချစ်ခြင်းမေတ္တာတွေက ကျတော့်ကိုအရိုင်းဆန်သွားစေခဲ့တာလား...

ကျတော့်ဘဝမှာ ချစ်ခြင်းတွေကမွေးဖွါးမလာခင်ထဲကသေဆုံးခဲ့ပါပြီ...

အကောင်းဆုံးကြိုးစားနေထိုင်ပေမယ့်လည်း မျှော်လင့်ချက်သေးသေးလေးကတောင်ဖြစ်မလာမှတော့ ဘာလို့ကျတော် ထိန်းသိမ်းပြီးနေနေရဦးမှာလဲ...

သဘာဝအရတောင်မိဘနဲ့သားသမီးဆီကချစ်ခြင်းမေတ္တာတွေတောင်ကျတော်မရနိုင်မှတော့ ဘယ်ချစ်ခြင်းတရားကိုမှကျတော်မလိုအပ်တော့ဘူး မလိုချင်တော့ဘူး...

ရတယ် လောကကြီးက ကျတော့်ကို သိတတ်လိမ်မာစွာမနေစေချင်ရင် သူနေစေချင်တဲ့အတိုင်းကျတော်နေပြရမှာပေါ့...

လိုအပ်တဲ့အရာတိုင်း လိုချင်တဲ့အရာတိုင်းမရနိုင်မှတော့ ဖြစ်သလိုဖြတ်သန်းပစ်မယ်...

........🍀🍀🍀.......

Welcome Thailand ပေါ့...

🍩........ဆယ်စုနှစ်ကျော်ကြာအောင်ဝေးကွာခဲ့တဲ့ ကျတော့်အတွက် ဒီမြေကြီးကအသားမကျနေဘူး....

Coz L❤VEWhere stories live. Discover now