Coz L🖤VE 5
🍩........ ဒီကောင်တွေက ဘော်ဒါအကန့်တော့ အရမ်းကောင်းသားပဲ....
သူတို့ ကူညီမှု့တွေနဲ့ ထိုင်းနိုင်ငံရဲ့ပထမဆုံးကျောင်းသားဘဝဟာ အခက်အခဲမရှိ အဆင်ပြေပြေနဲ့တစ်ရက်တာပြီးဆုံးခဲ့ပြီ....
တစ်ရက်အတွင်းမှာပဲ အဖေါ်လုပ်ပြီး ကန်တင်း၊ တစ်ကျောင်းလုံးရဲ့ အဆောင်အားလုံးနီးပါး...
လေ့ကျင့်ရေးကွင်း ဘောလုံးကွင်း အားလုံးကို အကြမ်းဖျင်းသိခွင့်ရလိုက်တယ်....
သူငယ်ချင်းအများကြီးနဲ့ မတွဲဘူးတဲ့ကျတော့်အတွက် သူတို့လေးယောက်က တကယ် နွေးထွေးစေတယ်....
ကျတော့်အတွက် ဘန်ကောက်မြေရဲ့ပထမဆုံးနေ့ရက်မှာ ဟိုတစ်ကောင်ရယ် ဒီသူငယ်ချင်းအသစ်လေးယောက်ရယ်ကတော့ အမှတ်တရဖြစ်ခဲ့ပြီ...
သူတို့ပြောတာနားစွန်နားဖျားကြားမိသမျှတော့ ဟိုကောင်ကလူတော်လူကောင်း လူချစ်လူခင်ပေါတယ် အရမ်းသူများအပေါ်ကောင်းတယ်ဆိုတာတွေပဲ...
မင်းတို့ပြောနေတဲ့ ဟိုကောင်ကအရမ်းကောင်းလွန်းနေရင်အခု အဲ့ကောင်က မကောင်းဆိုးဝါးဝင်ပူးနေတာလား....
သူတို့လည်း ကျတော့်ရှေ့မှာ စကားထိန်းပြောနေပုံပဲ မလွတ်မလပ်နဲ့....." မင်းတို့စကားပြောစရာရှိရင် ငါဖယ်ပေးမယ်လေ....."
Cyron...... " အာ....ရတယ် Pin.....
မင်းနဲ့ကအခုမှသိတော့ အကုန်ပြောလို့အဆင်မပြေသေးလို့ပါ...
နောက်တော့ မင်းတဖြည်းဖြည်းသိလာပါလိမ့်မယ်....
တစ်ခုပဲ မင်းဒီနေ့ တွေ့ခဲ့တဲ့ Son က သူ့ပုံစံ အစစ်မဟုတ်ဘူးဆိုတာပဲ...."Mike......." မင်း ဘယ်မှာနေလဲ...
ငါတို့ လိုက်ပို့စရာလိုလား....."" ရတယ်... ရတယ်....
လိုက်ပို့စရာမလိုပါဘူးကွာ...
ဒီနေ့အတွက်မင်းတို့ကို ကျေးဇူးတင်တယ်....
မနက်ဖြန်တွေ့ကြမယ်......"🍩........လမ်းခွဲပြီး ကျတော်နေတဲ့ ကွန်ဒိုသို့ပြန်လာခဲ့လိုက်တယ်.....
ခုလောလောဆယ်တော့ တက်စီနဲ့ပဲကျောင်းအတက်အဆင်းလုပ်ရဦးမှာပဲ....
ကွန်ဒိုမရောက်ခင်ခပ်လှမ်းလှမ်းမှာ ကားရပ်ခိုင်းရင်း အစိမ်းသက်သက်မဟုတ်ပေမယ့် မရင်းနှီးတော့တဲ့ ဒီလမ်းမတွေထဲ အရင်အရိပ်အငွေ့အသက်တွေ ပြန်ပေါ်လိုငြား လမ်းလျောက်လာခဲ့ပြီ....
ငယ်ငယ်က ဒီနေရာတွေကျတော်ပြေးဆော့ခဲ့တာပဲ....
ဒီပန်းခြံအကျယ်ကြီးထဲလည်း ကျတော့်ခြေရာတွေရှိခဲ့ဖူးတယ်....
Mae ရှိတုန်းက ဒီပန်းခြံလေးကိုမကြာခဏလာနေကြ ဒီပန်းခြံထဲကျတော့်ငယ်ဘဝတွေအများကြီးရှိခဲ့တာ...
လွမ်းသလိုရှိတာနဲ့ ပန်းခြံထဲလမ်းလျောက်ဝင်လာခဲ့ရင်း တစ်နေရာချင်းစီကငယ်ဘဝတွေက မှတ်ဥာဏ်ထဲတရေးရေးပြန်ပေါ်လာရပြီ...
Mae လွမ်းတယ်.....
ပန်းခြံထောင့်စွန်းက သံကြိုးလေးတွေနဲ့ဒါန်းလေးတွေရှိရာစီလျောက်လာတော့ ကြားရက်မို့လူရှင်းနေတဲ့ ပန်းခြံထဲ ဒါန်းလေးတစ်စီးပေါ်မှာလူတစ်ယောက်ထိုင်နေတယ်...
ဒါန်းပေါ်အေးဆေးထိုင်ပြီးအချိန်ဖြုန်းဖို့စဉ်းစားမိပေမယ့် အခုလူကလည်းရှိနေပြန်ပီး ရှိနေတဲ့သူကလည်း ကလေးငယ်တစ်ယောက်မဟုတ်ဘဲ ကိုယ့်လိုအရွယ်လူငယ်တစ်ယောက်မို့ တွေးထားတာကိုအဆက်ဖြတ်လိုက်ပြီး ကွန်ဒိုသာပြန်ဖို့ ခြေဦးပြန်လှည့်လိုက်တော့တယ်...
ကျောပေးလိုက်တာနဲ့ကျောနောက်ကထွက်ပေါ်လာတဲ့ ချောင်းဆိုးသံ တရပ်ဆက်နဲ့ အသံရှုကြပ်ပုံ အသံအုပ်အုပ်နင့်နင့်ကြီး...
ဘာဖြစ်မှန်းမသိပေမယ့် တစ်ခုခုဆိုကူညီနိုင်ရန်အနားပြေးသွားမိတော့ ချောင်းဆိုးပြီးမျက်ရည်မျက်သီးတွေကျကာ အသက်ရှူကြပ်နေပုံရသော မယဉ်ကျေးကောင်ကို တွေ့လိုက်ရခြင်းပဲ....