ဧပြီလရောက်ပြီဆိုတာနဲ့ ဂျပန်နိုင်ငံမှာ ချယ်ရီလို့လည်း
ခေ၊လေ့ရှိတဲ့ ဆာကူရာပန်းတွေ ပွင့်တယ်..
ဂျပန်နိုင်ငံရဲ့ လမ်းတွေတိုင်းမှာ ဆာကူရာပန်းတွေက
ပန်သွေးရောင်ကြွကာ တသီတတန်း ဖူးပွင့်နေကြပြီ..
ဆာကူရာတွေပွင့်ဝေချိန်..
ဂျပန်အစိုးရက တရားဝင်ချမှတ်ပေးထားသော ဂျပန်
ပြည်သူတို့ရဲ့ ရုံးပိတ်ရက် ကျောင်းပိတ်ရက်တစ်ရက်ဖြစ်တာကြောင့် ပန်းခြံတွေမှာ
လူကြီး လူငယ် ကလေး အသက်အရွယ်မရွေး
ပျားပန်းခတ်မျှ စည်ကားနေသည်..
သူ့ထက်ငါအလှချင်းပြိုင်ကာ ပွင့်နေသောဆာကူရာတွေကို ခူးဆွတ်ခြင်းမရှိဘဲ
တစ်နေကုန်အလှထိုင်ကြည့်ကြမယ့် ဂျပန်နိုင်ငံသားတွေ..
ဆာကူရာကနိုင်ငံကိုယ်စားပြုပန်းဖြစ်တာကြောင့်ပင်..
အဘိုးအရွ ယ် လူကြီးအချို့ကလည်း ပန်းခြံထဲမှာ
အုပ်စုဖွဲ့ထိုင်ကာ ဂျပန်ရိုးရာဆာကေးအရက်သောက်ရင်း
ဆာကူရာပန်းကြည့်နေကြတယ်..
လေးငါးနှစ်အရွယ် ကလေးပိစိလေးတွေကလည်း
မိဘတွေခင်းပေးထားတဲ့ဖျာလေးတွေပေ၊ထိုင်ကာ
ဆာကူရာတွေကို ငေးကြည့်နေသူများရှိသလို..
ပန်းခြံထဲမှာ ပြေးလွှား ဆော့နေသောကလေးလေးတွေ
ကလည်း ဟိုတစ်စုဒီတစ်စု..
နေရောင်ခြည်နွေးနွေးအောက်မှာ ပန်းနုရောင်တောက်နေသော ကမ္ဘာငယ်လေးက
တစ်ခါတရံထွက်ပေ၊လာတဲ့ ကလေးငယ်လေးတွေရဲ့
ရယ်သံနဲ့ အသက်ဝင်လှုပ်ရှားနေတယ်..
ဆယ်ကျော်သက်အရွယ် ကျောင်းသူကျောင်းသားလေး
တွေကတော့ ပန်းခြံအနီးနားမှာ စက်ဘီးစီးပြီး
ဆာကူရာရဲ့ရနံ့ကို လေညင်းကနေ ခံစားလို့နေကြပြီ..
ပန်းခြံထဲက အသက်ဝင်နေသော အလှဆုံးပုံရိပ်လေးများကို ငေးကြည့်နေသော
ကောင်လေးတစ်ယောက်..
အနူးညံ့ဆုံးသောအပြုံးလေးကို သူ့ရဲ့မျက်နှာနုနုပေ၊
ချိတ်ဆွဲရင်း ဆာကူရာတွေကို ငေးကြည့်နေပြန်ရော..
အပြုံးနုနုကို ဆင်မြန်းထားပေမယ့် မျက်ဝန်းလေးတွေထဲမှာတော့ ဝမ်းနည်းညှိုးငယ်နေသလို အရိပ်အရောင်လေးတွေ..
ပျော်ပွဲစားထွက်တဲ့အခါ သုံးတဲ့ဖျာလေးကို မြက်ခင်းပေ၊ခင်းကာ ထိုင်နေသော အနှီကောင်လေး..
YOU ARE READING
Always
Short Storyနှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးတစ်နေရာကနေ လူတစ်ယောက်ကို ချစ်မိသွားတဲ့နောက် ဘာတွေဆက်ဖြစ်လာနိုင်သလဲ. ... သေချာတာကတော့ ကိုယ်မင်းကို အမြဲတမ်းအတွက် ချစ်ပါတယ်..
