Chapter 6

6 0 0
                                    

မန္တလေးကို ရောက်နေတာလည်း ရက်တော်တော်
ကြာနေပြီဆိုတော့ ကိုလျှံနဲ့အတူတူ နေရာတော်တော်
များများကိုတော့ ရောက်ဖြစ်နေသည်..
နှစ်ယောက်အတူတူသွားကြတာဆိုတော့ မေမေက
ကားနဲ့ပဲသွားခိုင်းတာ..
ဆိုင်ကယ်နဲ့ဆိုရင် အန္တရာယ်များလို့တဲ့လေ..

ရန်ကုန်နဲ့မတူတဲ့ တစ်ချက်ကအဲ့တာပါပဲ..
ရန်ကုန်မှာကျ အမြဲတမ်း တစ်နေရာနဲ့တစ်နေရာကူး
တော့မယ်ဆိုရင် ကားနဲ့ပဲသွားနေရတာ..
ဒါတောင် ဖေဖေ့ကိုပဲလိုက်ပို့ခိုင်းနေရတာ..

မန္တလေးမှာ ဆိုင်ကယ်စီးတဲ့လူတွေများတော့
ပိုသဘောကျမိတယ်..
ကိုယ်သွားချင်တဲ့နေရာကို ကိုယ့်ဘာသာ ဆိုင်ကယ်နဲ့
သွားလိုက်ရုံတင်..
ဘယ်သူ့မှလည်း လိုက်ပို့ခိုင်းစရာမလိုတော့ဘူးလေ..

ခက်တာက ကျွန်တော်ကရန်ကုန်မှာ နေလာတာဆိုတော့
ဆိုင်ကယ်မစီးတတ်သေးဘူး..
မေမေကလည်း အခုချိန်ထိ စိတ်မချသေးလို့ဆိုတဲ့
အကြောင်းပြချက်နဲ့ ဆိုင်ကယ်ပေးမစီးသေးတော့
တစ်ခုခုဆို ကိုလျှံကိုပဲ အကူအညီတောင်းနေရတယ်..
နောက်တော့မဖြစ်တဲ့အဆုံး မေမေ့ကိုဆိုင်ကယ်
ဝယ်ပေးဖို့ပူဆာရတော့သည်..

ဟုတ်တယ်လေ..
မန္တလေးမှာကျောင်းတက်ရမှာကို ဆိုင်ကယ်လေးတော့
စီးတတ်သင့်တာပေါ့..
ပြီးတော့ ကိုယ့်ဘာသာဆိုင်ကယ်လေးစီးပြီး
ကျောင်းတက်ကြည့်ချင်တယ်..
ဒါကိုတောင် မေမေကဦးလေးမြကို အကြိုအပို့
လုပ်ခိုင်းမယ်ပြောနေသေးတာ..

"မေမေကလည်း ဆိုင်ကယ်လေးဝယ်ပေးပါဆိုနေ.
ကျောင်းသွားရင်သားလည်း သူများတွေလို ဆိုင်ကယ်နဲ့
ကျောင်းတက်ချင်လို့ပါ"

"အော်.. သားရယ်.
မေမေကစိတ်မချလို့ပါ..
သားကအခုထိလမ်းလည်းမကျွမ်းသေးဘူး..
ပြီးတော့ဆိုင်ကယ်လည်း မစီးတတ်သေးဘူးဆိုတော့
မေမေကတစ်ခုခုဖြစ်မှာ စိုးရိမ်လို့ပါ"

"မေမေစိတ်ပူတာကို သားနားလည်ပါတယ်..
ဒါပေမယ့် အဲ့လိုမစီးတတ်လို့ဆိုပြီး ဒီတိုင်းထားလိုက်ရင်
သားဘယ်လိုလုပ်စီးတတ်တော့မှာလဲ..
မေမေနော်.. ဝယ်မပေးရင်သားရန်ကုန်ပြန်လိုက်မှာဗျ"

You've reached the end of published parts.

⏰ Last updated: Oct 07, 2020 ⏰

Add this story to your Library to get notified about new parts!

Always Where stories live. Discover now