Chapter 2

15 0 0
                                    

တကယ်တော့ဒီနေ့က ကျွန်တော်ရဲ့ အပျော်ဆုံးရက်တွေ
ထဲကတစ်ရက်လို့ပြောလို့ရတယ်..
ဘာလို့လည်းဆိုတော့ ဒီနေ့က တက္ကသိုလ်တွေကနေ
အကြောင်းကြားစာပို့တဲ့နေ့..
ကျွန်တော်တက်ချင်နေတဲ့ မန္တလေးနည်းပညာတက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်လေ..
ဆယ်တန်းကိုတော့ရန်ကုန်မှာဖြေခဲ့ပေမယ့်
တက္ကသိုလ်ရွေးတော့ မန္တလေးကို ရွေးခဲ့တာ..

မေမေနဲ့အတူတူနေချင်လို့ မန္တလေးကိုရွေးလိုက်တာ..
အမှန်အတိုင်းပြောရရင် ဖေဖေနဲ့လည်းမခွဲချင်ဘူး.
ကျွန်တော့်ဘဝက မိသားစုစုံစုံလင်လင်နဲ့
နေလို့ရတာမှ မဟုတ်တာ..
ဖေဖေနဲ့မေမေက ကွာရှင်းထားတာမဟုတ်ပေမယ့်
ကွာရှင်းထားတာထက်တောင် အခြေအနေဆိုးနေပါ
သေးတယ်..
နှစ်ယောက်စလုံးက တစ်ယောက်တစ်နေရာစီ..
ကျွန်တော်ရှစ်တန်းနှစ်ကတည်းက ကွဲသွားကြတာ
အခုအချိန်ထိဆိုပါတော့..

မေမေကမန္တလေးဇာတိဆိုတော့ ဖေဖေနဲ့ရန်ဖြစ်ပြီးနောက်ပိုင်း ရန်ကုန်မှာမနေတော့ဘဲ
ဖွားဖွားတို့ရှိတဲ့ မန္တလေးကိုထွက်သွားခဲ့တာ..
မေမေကသူနဲ့လိုက်ခဲ့ဖို့ပြောပေမယ့် ဖေဖေ့ကိုလည်း
တစ်ယောက်တည်းမထားခဲ့နိုင်ဘူးလေ..
မေမေ့မှာကမန္တလေးပြန်သွားရင် ဖွားဖွားရှိသေးတယ်.
ဖေဖေမှာက ကျွန်တော်ကလွဲရင်မရှိဘူးလေ.
ဒါကြောင့်ဖေဖေနဲ့ပဲနေဖို့ ဆုံးဖြတ်ခဲ့ရတာ..
ကံကောင်းတာတစ်ခုက မေမေကကျွန်တော့်ကို
နားလည်ပေးခဲ့တယ်..

ဖေဖေနဲ့မေမေရဲ့အိမ်ထောင်ရေးပြသနာက အသွင်မတူ
အိမ်သူမဖြစ်ဆိုသလို တစ်ယောက်နဲ့တစ်ယောက်ကချစ်လို့ယူခဲ့ကြပေမယ့်
စရိုက်ချင်းမတူတော့ အဆင်မပြေကြတော့...
ညှိယူရင်ရနိုင်သော်လည်း ခေါင်းမာသော ဖေဖေနဲ့
မာနကြီးသောမေမေကြောင့် ပြသနာကတဖြည်းဖြည်း
ကြီးထွားလာခဲ့ရတာ..
မေမေကမန္တလေးသူဆိုတော့ မြန်မာဆန်ဆန်နဲ့
ရှေးရိုးဆန်ပြီး ယဉ်ကျေးသိမ်မွေ့တယ်...

ဖေဖေကတော့နဂိုကတည်းက ရန်ကုန်မှာနေလာတဲ့
ရန်ကုန်သားဆိုတော့ ဆိုရှယ်ကျပြီးခေတ်ဆန်တယ်.
ဖေဖေကတစ်ခါတလေ အလုပ်သဘောအရသောက်လာတဲ့အခါမျိုးတွေမှာ
မေမေကနားမလည်ပေးနိုင်တာမျိုးတွေ..
အမျိုးသမီးမိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ဖေဖေ့ဘက်ကရိုးသားနေပေမယ့် မေမေ့မျက်လုံးထဲမှာ
အမြင်မကြည်တာမျိုးတွေ..

Always Where stories live. Discover now