Chapter 4

11 1 0
                                    

ကျွန်တော်ပြောလိုက်တဲ့ စကားထဲမှာ သူ့အတွက်
ရယ်စရာပါသွားလို့လား..
ခွိကနဲဖြစ်ပြီးရယ်လိုက်တော့ ပေ၊လာတဲ့ပါးချိုင့်
တစ်ဖက်က အဲ့လောက်ကြည့်ကောင်းစရာလိုလို့လား..
ကျွန်တော်မဆီမဆိုင်တွေ ဘယ်နှစ်ခု တွေးမိနေတာပါလိမ့်..
ဒါပေမယ့် ကျွန်တော်သူ့ဆီက ပြန်ရတဲ့တုံ့ပြန်မှုက

"မင်းအလှည့်ပြီးရင် ခဏလောက်ဖယ်ပေးပါလား
ငါ လည်းပိုက်ဆံသွင်းရဦးမှာမို့လို့"

"ဟမ် အော်"

ကျွန်တော်လည်းဘအဲ့ဒီတော့မှ ကြောင်တောင်တောင်နဲ့
ဘေးကိုတိုးပြီးဖယ်ပေးလိုက်ရတယ်..

"ဒီကောင်ဘာလဲကွာ ကျေးဇူးတင်တယ်လို့ပြောတာ
ရယ်စရာပါ လို့လား. ငုံးဥပဲ"

ကျွန်တော်လည်း သူ့ကိုကြိမ်ဆဲရင်း ငွေစာရင်းကောင်တာကနေ ထွက်လာလိုက်သည်..
ကျွန်တော် အဆောက်အဦးရဲ့အရှေ့ဘက်ကို
ထွက်လာမိတော့ အနောက်ကနေပခုံးကိုလာပုတ်သော
လက်တစ်ဖက်ကြောင့်အနောက်ကို လှည့်ကြည့်မိတော့
ဟိုကိုယ်တော်ချော..
မျက်နှာကလည်း ကျောက်ကျောရေပက်ထားသလို
စပ်ဖြီးဖြီးနဲ့..
ဘာလဲ ဆိုတဲ့သဘောနဲ့ မျက်ခုံးတစ်ဖက်ပင့်ပြလိုက်တော့ သကောင့်သားမေးလိုက်တဲ့ မေးခွန်းကြောင့်
ကျွန်တော့်မှာပါးစပ်အဟောင်းသား..

"ငါ့မျက်လုံးတွေက တကယ်လှတာလား"

ကျွန်တော့်မှာ သူ့ကိုနောက်ထပ်ပြောစရာမရှိအောင်
ဆွံအသွားခဲ့သည်..
မဟုတ်မှလွဲရော..
ခုနကရယ်လိုက်တာ သူ့ကိုအဲ့လိုခေ၊လိုက်မိလို့များလား.

"အဲ့ဒါက ငါမှမင်းနာမည်မသိတာကို"

"အာ ဟုတ်သားပဲ အဲ့တာဆိုလည်း ငါ့ ကိုယ်ငါ
အရင်မိတ်ဆက်ရတာပေါ့..
ငါ့နာမည်က ကြယ်စင်ရှိန်း..
ရှိန်းလို့ခေ၊ပေါ့.. မင်းနာမည်ကရော"

"လှိုင်းဇေယျာထင်.. လှိုင်းလို့လည်းခေ၊ကြတယ်"

"OK  ဒါနဲ့မင်းခုနကငါမေးတာ မဖြေရသေးဘူးနော်"

"ငါ့မျက်လုံးတွေလှလား"

"အင်း လှတယ်"

"တကယ်လား "

"အင်း တကယ်"

"မင်းက တကယ်ချစ်ဖို့ကောင်းတဲ့ကောင်လေးပဲ"

Always Where stories live. Discover now