Chapter 5

11 0 0
                                    

မေခွန်းပြန်သွားတော့မှပဲ လှိုင်းတစ်ယောက် နားအေးပါးအေး နေနိုင်တော့သည်..

"စကားကို ဘယ်လိုတောင်အများကြီးပြောနိုင်ရတာလဲ
တကယ်မလွယ်တဲ့ကလေးမပဲ..
ဘာတဲ့.. ငါ့ကိုများကလေးလေးတဲ့
ငါလုပ်လိုက်ရရင် သေဦးမယ်..
ဟိုမျက်နှာရူးကလည်း ချစ်စရာလေးတဲ့
အာ.. ပြီးတော့ဟိုတစ်ယောက်.
လူကိုဘလိုင်းကြီးချေသွားတာ..
စိတ်ရှုပ်ဖို့ကောင်းလိုက်တာ.. "

လှိုင်းကတော့ တစ်ယောက်တည်း ညည်းတွားနေရင်း
ခြံထဲက ဒန်းလေးပေါ်မှာပဲ ဆက်ထိုင်နေမိဆဲ..
အခုမှ ခြံထဲကို သေချာသတိထားကြည့်မိတယ်..
ခပ်လှမ်းလှမ်းက နှင်းဆီပင်တွေက အရောင်စုံနေတာပဲ.

အနီ အဝါ အဖြူနဲ့ ပန်းရောင်တွေ..
ပြီးတော့ ခြံရဲ့အလယ်လောက်မှာ စိုက်တာတဲ့
ဆောင်းစံပယ်တွေကလည်း ဖွေးနေပြီ..
လေတိုက်တိုင်း သင်းသင်းလေးရတဲ့ စံပယ်ပန်းနံ့ကို
သူသဘောကျမိသည်..
တရုတ်စံကားပင် အဖြူကြီးကလည်း ခြံထောင့်မှာ
ထီးထီးကြီးရှိနေသည်..
ခုနကရှုပ်နေသော စိတ်တွေက ခြံထဲကမြင်ကွင်းလေးတွေကြောင့် နည်းနည်းတော့
သက်သာသွားသလိုပင်..

ခြံထဲကို လှည့်ကြည့်ရင်းကနေ ပျင်းလာတာမို့
ဒန်းပေါ်ထိုင်ပြီး လိုင်းသုံးနေလိုက်သည်..
တောင် ခနဲမြည်လာသော Noti သံကြောင့်ကြည့်လိုက်တော့ Fri Request
ဖြစ်နေသည်..
ကြည့်လိုက်တော့ Kyal Sin Shein..

"အာ. ဟုတ်သားပဲ..
သူငါ့ကိုလာadd မယ်လို့ပြောထားတာပဲ.
Confirmမလုပ်ခင်Wallထဲ နည်းနည်းလောက်
ဝင်ကြည့်လိုက်ဦးမယ်.. "

Wallထဲ ဝင်ဝင်ချင်းမှာတင် မြင်လိုက်ရသော
Follower ကြောင့် နည်းနည်းတော့ မျက်ခုံး
မြင့်တက်သွားသည်..

"Follower က ၅၀၀၀၀ကျော်တောင်
ဘာလို့ပါလိမ့် အဲ့ကောင်ကCele မို့လို့လား
အံမယ် တင်ထားတဲ့Bio လေးကလည်း
ဖြတ်ရိုက်ချင်စရာလေး..ဘာတဲ့..
Don't judge me if you are not perfect တဲ့..
Ha ha တောင်တစ်ဝက်ပဲရမယ်.. "

Wallထဲဝင်ကြည့်ရုံနဲ့တင် မျက်စိနောက်နေပြီ..
စိတ်ဝင်စားစရာလည်း သိပ်တော့မရှိပါဘူး..
Game ဆော့တာတွေshare ထားတယ်..
ပြီးတော့ EDM သွားထားတဲ့ ပုံရိပ်တချို့လောက်ရယ်
လှိုင်းနဲ့မရင်းနှီးတာတွေဖြစ်သောကြောင့် ရှိန်းရဲ့
Wall ဟာ သူ့အတွက်တော့ စိတ်ဝင်စားစရာ
ကောင်းမနေခဲ့ပါ..

Always Where stories live. Discover now