မတည်မြဲသော အချစ်

164 9 2
                                    

*****
အချစ်? အဲ့ဒီအရာက တကယ်ရှိတယ်ဆိုပေမယ့် ဘာကြောင့်များမတည်မြဲနိုင်ကြတာပါလိမ့်။
အချစ်?အဲ့ဒီ စကားလုံးက ဘာကြောင့်များကြာရင်ရိုးသွားတက်ကြတာပါလိမ့်။

ကျွန်တော်တို့လက်တွဲလာတာ ဒီနှစ်ဆို ၁၀နှစ်သက်တမ်းရှိနေပြီ။ အတားအဆီးတွေ အခက်အခဲတွေ နှိမ့်ချမှုတွေ အထင်သေးမှုတွေကို အတူတူရင်ဆိုင်ပြီး နေလာခဲ့ကြတာ။ ကျွန်တော်သူ့ကိုချစ်သလို သူကလည်းကျွန်တော့်ကိုသိပ်ချစ်ခဲ့တာ။ ဒါပေမယ့် ဘာကြောင့်များလူတွေက ပြောင်းလဲတက်ကြတာလဲ။ ကျွန်တော်မပြောင်းလဲခဲ့ပေမယ့် သူကတော့အတော်လေးကိုပြောင်းလဲလာခဲ့တယ်။

ကျွန်တော်တို့ ခြိမ်းဆိုမှုတွေကိုမေ့တက်လာသလို နှစ်ပတ်လည်ရက်ကိုတောင် သတိမရတော့ဘူး။ကျွန်တော့်ကိုလိမ်ညာတက်လာသလို ပေးထားခဲ့တဲ့ကတိတွေကိုလည်းချိုးဖောက်လာတယ်။ ဒါပေမယ့် ကျွန်တော်အပြစ်မယူမိပါဘူး။ ဘာကြောင့်ဆို သူကလည်း သာမာန်လူသားတစ်ဦးဖြစ်နေတာကြောင့်ပါဘဲ။

ဒီနေ့ကျွန်တော်တို့နှစ်ဦးရဲ့ အိမ်ထောင်သက်တမ်း ၇ နှစ်ပြည့်နေ့ဖြစ်သလို ချစ်ခြင်းသက်တမ်း ၁၀ နှစ်ပြည့်နေ့ဖြစ်တယ်။ ကျွန်တော်သူ့ကိုစောင့်နေတာ ၂ နာရီလောက်ရှိပြီဖြစ်ပေမယ့် သူပေါ်မလာသေးဘူး။ သူမေ့နေပြီထင်ရဲ့။ ထားပါလေ ဒါသူ့အမှားတော့မဟုတ်ပါဘူး။ ကျွန်တော်သူ့ကို ကြိုတင်သတိမပေးမိတဲ့အမှားကြောင့်ပါ။ သူ့ကို စပရိုက် လုပ်ချင်တဲ့စိတ်ကြောင့် ကြိုမပြောထားမိဘဲ မနက်ကမှ မက်စ်ဆေ့ ပို့ထားမိတာ။ ဘာကြောင့် ဖုန်းမခေါ်သလဲဆို ဖုန်းမအားဘူးတဲ့လေ။

အပြင်အဆင်တွေက အရမ်းကိုအံ့ဩရလောက်အောင်ကောင်းတဲ့အပြင် ဆိုင်တစ်ဆိုင်လုံးကျွန်တော်တို့နှစ်ဦးတည်းရှိဖို့သာ ငှားရမ်းထားတာ။ ကျွန်တော်မျှော်လင့်မိတယ်။ ကျွန်တော်တို့ရဲ့ ပင်ပမ်းနွမ်းနယ်တွေတဲ့အချစ်တွေ ပြန်လည်လန်းဆန်းတက်ကြွလာစေဖို့လေ။ ကျွန်တော်တို့စားပွဲရဲ့ ဘေးနံရံမှာ ကျွန်တော်တို့ တစ်လျှောက်လုံးတူတူဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကိုတည်းဖြတ်ထားတဲ့ မှတ်တမ်းvideo လေးကိုပြသဖို့လည်း ပြင်ဆင်ထားသေးတယ်။ သူကြိုက်မှာပါ။

လန်း(Zawgyi + Unicode)Where stories live. Discover now