*****
ဒီနေ့ ကျွန်တော်သူနဲ့အတူပြန်နေတာ တစ်ပတ်မြောက်နေပေါ့။ သူက ကျွန်တော့်ကို ဂရုစိုက်ဖို့ အိမ်ကိုစောစောပြန်လာတက်တယ်။ သူ့ဆီကို မူမမှန်တဲ့ဖုန်းမျိုးမလာဘူး။ အဆင်ပြေနေပါပြီ။ ကျွန်တော့်ရဲ့ပင်ပန်းနေတဲ့ စိတ်အခြေအနေတောင် တဖြည်းဖြည်း ပြန်အဆင်ပြေလာပြီ။
အိမ်မှာ ကျွန်တော်တစ်ယောက်ထဲ ကျန်နေခဲ့ရတာ အနည်းငယ်တော့ပျင်းဖို့ကောင်းနေပေမယ့် သူ့ရဲ့အရာရာကို ဂရုစိုက်ပေးနိုင်လို့ ကျေနပ်စရာကောင်းတဲ့ ဘဝကိုရနေတယ်လို့ ပြောလို့ရပါတယ်။
အိမ်ရှေ့မှာ တံခါးခေါက်သံကြားလို့ သွားဖွင့်ပေးလိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အဆင်ပြေနေတဲ့ ကျွန်တော့်ရဲ့စိတ်တောင် ပျက်စီး သွားသလိုဘဲ။
"သား ဘာလုပ်နေတာလဲ ဖယ်လေ အမေအထဲဝင်ဦးမယ်"
တံခါးမှာပိတ်ရပ်နေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ကို တွန်းတိုက်လိုက်ပြီး သူမကအိမ်ထဲဝင်လာတယ်။ သူမနဲ့ ကျွန်တော့်ဆက်ဆံရေးက သိပ်အကောင်းကြီးမဟုတ်ဘူး။ သူမနဲ့တင်မကပါဘူး ကျွန်တော်က မိဘနှစ်ဦးစလုံးနဲ့ ဆက်ဆံရေးမကောင်းဘူး။ ကျွန်တော့်မိဘ နှစ်ဦးလုံးက တစ်ခြားလက်တွဲဖော်တွေကို လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်ကတည်းက ရွေးချယ်ခဲ့ကြပြီးပြီလေ။
ကျွန်တော်ကြားဖူးတာတော့ သူမတို့နှစ်ဦးလုံးက သိပ်ချစ်ခဲ့ကြတဲ့ စုံတွဲတစ်တွဲတဲ့လေ။ ဒါပေမယ့် အိမ်ထောင်သက် ကြာလာတာနဲ့အမျှတစ်ယောက်ကိုတစ်ယောက် စိတ်ကုန်လာကြတယ်။ ပြီးတော့ လမ်းခွဲဖို့ရွေးချယ်လိုက်ကြတယ်။ ဒါက သဘာဝပါဘဲလေ။ လူတွေက အချိန်ကြာကြာအတူရှိလာတာနဲ့အမျှ တစ်ယောက်ယောက်ကတော့ စတင်စိတ်ကုန်လာကြတာဘဲ။ သူတို့က လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာနဲ့ ဂုဏ်သိက္ခာကြောင့် လမ်းမခွဲဘဲ သည်းခံနေလိုက်ကြတာဘဲ ကွာတာပါလေ။
"သားညီလေးက သရက်သီးတွေထည့်ပေးလိုက်တယ် သူ့မိန်းမတောင်ကလေးမွေးပြီ ယောကျာ်းလေးလေ"
"ဩော်"
သူမက စတင်ပြီး နောက်အိမ်ထောင်နဲ့ရတဲ့သားဖြစ်သူရဲ့အကြောင်းကိုစတင်ပြောတော့တယ်။ သူပြောတာက အဲ့သားကမွေးတဲ့မြေးအကြောင်းပေါ့လေ။
YOU ARE READING
လန်း(Zawgyi + Unicode)
Short Story***** ဒီဇာတ်လမ်းက မင်းတို့ကို ပျော်ရွှင်စေမှာေတာ့မဟုတ်ဘူး။ ကိုယ်စိတ်ပေါက်တုန်းက ရေးထားတာ။ ကိုယ့်ဟာကို လန်းလိုဘဲ မွှန်းကြပ်ပြီး ဘယ်လိုလုပ်ရမလဲ လမ်းတောင်ပျောက်တယ်။ ဒါက ကိုယ်လိုလူတစ်ယောက်ရဲ့ စိတ်မလုံခြုံမှုကို ေရးထားယုံပါဘဲ။ သိပ်မကောင်းပေမဲ့ မဆိုးရွာ...