တစ်စုံတစ်ခုချို့ယွင်းနေတဲ့သူက သနားဖို့ထိုက်တန်တယ်?

33 8 0
                                    

*****

ကျွန်တော်ကလေးကိစ္စကို အတွေးထဲမှာခဏသိမ်းထားလိုက်တယ်။ ဘာကြောင့်ဆို ကိစ္စတိုင်းက အမှန်ဟုတ်မနေနိုင်ဘူးလေ။ တစ်ချို့အိမ်ထောင်တွေဆို ကလေးအများကြီးရှိတာတောင် ကွဲကွာကြသေးတာဘဲ။

ကျွန်တော့်ဘဝကပုံမှန်လည်ပတ်နေတယ်။ သူအလုပ်အသွားမှာ ကျွန်တော့်ကိုဝင်ပို့တယ် အပြန်မှာဝင်ကြိုတယ်။ ကျွန်တော်တို့အလုပ်မှာ နောက်ထပ် ဝန်ထမ်းတစ်ယောက် ရောက်လာတဲ့အခါမှာတော့ ကျွန်တော်အဆင်ပြေတယ်လို့ မခံစားရတော့ဘူး။ ဘာကြောင့်ဆို အဲ့ဒီဝန်ထမ်းက ကျွန်တော်နဲ့အသိတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် သိပ်ကိုစိတ်ကုန်စရာကောင်းတဲ့ သူမို့လေ။

သူက ကျွန်တော်နဲ့ အမြင်သစ်ကြားက ဆက်ဆံရေးကိုနှောက်ယှက်နိုင်တဲ့လူ တစ်ဦးလေ။ သူကချောမောလွန်းပြီး ပြီးပြည့်စုံတဲ့သူလို့တော့ မထင်ပါနဲ့။ သူက  တကယ်တော့ မပြည့်စုံတဲ့သူတစ်ဦးလေ။ ဘာကမပြည့်စုံသလဲဆိုရင် သူကအကူပစ္စည်းမပါရင် နားမကြားနိုင်ဘူးလေ။

ကျွန်တော်ပြောမယ်။ လူတွေကလေ တစ်ခုခုချို့ယွင်းနေတဲ့သူဆိုရင် အလိုလိုသနားစရာကောင်းတယ် အကူအညီအပြည့်အဝပေးသင့်တယ်လို့ တွေးလိုက်ကြတော့တာဘဲ။ ချို့ယွင်းနေတဲ့သူက လူယုတ်မာတစ်ယောက် မရိုးဖြောင့်သူတစ်ယောက် ဖြစ်နေရင်တောင် သူတို့က လျစ်လျူရှုပြီး သနားကြဦးမှာဘဲ။

အဲ့ဒီတစ်ယောက် ရောက်လာကတည်းကစပြီး ကျွန်တော့်အလုပ်ကို သူလာကြိုဖို့ခွင့်မပြုတော့ဘူး။ ကျွန်တော်ကြောက်တယ်လေ။ သူ့ကိုကျွန်တော့်လက်ထဲက လုယူသွားမှာကျွန်တော်ကြောက်တယ်။ ကျွန်တော် အဲ့ဒီဝန်ထမ်းနဲ့ အချိန်အတော်ကြာသိကျွမ်းခဲ့တယ်။ ပုံမှန်လူတစ်ယောက်လို ပုံမှန်သူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး ကျွန်တော်ရလိုက်တာက ဘာလဲသိလား။ ကျွန်တော့်နားမှာ လူတွေမရှိတော့တာဘဲ။ သူကအမြဲ လုယူရတာကြိုက်တယ်လေ။ တစ်စုံတစ်ယောက်က ကျွန်တော့်ကိုသဘောကျခဲ့ရင် သူကအဲ့လူဆီအပြေးသွားပြီး  သနားခံလိမ့်မယ်။ သူတွေးတယ်လေ။ သူကသာ ချစ်ခင်မှုတွေခံယူသင့်တာလို့ပေါ့။

လန်း(Zawgyi + Unicode)Where stories live. Discover now