အဆင်မပြေဖြစ်လာတဲ့အခါ

76 9 4
                                    

*****

ကျွန်တော့်စိတ်ကိုကျွန်တော် ဆုံးမနေတယ်။ ၁၀နှစ် ၁၀နှစ်ဆိုတဲ့ ကိန်းဂဏာန်းက အလကားမှမဟုတ်တာလို့။ ကျွန်တော်တို့ရဲ့ ချစ်ခြင်းတွေကအလကားမှမဟုတ်တာလို့။

ကျွန်တော်အလုပ်ကိုရောက်တဲ့အခါ ကြားရတဲ့စကားတွေကလေ သူနဲ့အဲ့ဒီတစ်ယောက်ညီမနဲ့ အရမ်းကိုနီးကပ်တယ်ဆိုတဲ့ စကားတွေဘဲ။ ကျွန်တော်မကြားချင်ရင်တောင် ကြားနေရတုန်းဘဲ။ ကျွန်တော့်ကို မကြောက်ကြောက်အောင် ခြောက်နေသလိုဘဲ။

ဒီနေ့ အလုပ်မှာ ငွေကြေးပြဿ      နာတက်တယ်။ တာဝန်ခံက ကျွန်တော်တစ်ယောက်ထဲမဟုတ်ပေမဲ့ အပြောဆိုခံရတာကတော့ ကျွန်တော်တစ်ယောက်တည်းဖြစ်နေတယ်။ ဒီရက်ပိုင်း ကျွန်တော်လက်တစ်ဖက်လှုပ်ရင်တောင် မန်နေဂျာကိုအတိုင်ခံနေရတယ်။ ကျွန်တော်စိတ်ရှုပ်လိုက်တာ။ သေအောင်စိတ်ရှုပ်တာဘဲ။ ပြီးတော့လေ အဲ့တစ်ယောက်ကပြောတယ်။ မနေ့က 'အမြင်သစ်နဲ့ သူ့ညီမက ဈေးဝယ်အတူထွက်ကြတယ်'တဲ့။ သူ့ညီမကိုတောင် လက်ဆောင်နာရီ တစ်လုံးပေးခဲ့တယ်တဲ့။ ပြီးတော့ ပြီးတော့လေ သူ့အတွက်ပါ လက်ဆောင်ဝယ်ပေးလိုက်သေးတယ်တဲ့။

ခေါင်းရှုပ်ယုံမကဘူး ရင်ဘက်ကပါနာကျင်လာတယ်။ ဘာကြောင့်ပါလိမ့်။ မနာလိုခြင်းလား။ ကျွန်တော် အမြင်သစ်ဆီက လက်ဆောင်မရတာ ဘယ်လောက်တောင်ကြာပြီလဲ။ ကျွန်တော်က လက်ဆောင်မရလို့မနာလိုဖြစ်နေတာလား။ မွန်းကြပ်လိုက်တာ။
အပြန်မှာ ကျွန်တော်သူ့ကိုစပြီး မေးခွန်းထုတ်ခဲ့တယ်။ လက်ဆောင်အကြောင်းကိုပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်တော်က သဝန်တိုတက်တဲ့ အိမ်ထောင်သည်အမျိုးသမီးလိုဖြစ်နေပါပေါ့လား။ မဟုတ်သေးဘူး အိမ်ထောင်သည်အမျိုးသမီးကမှ ကလေးမွေးနိုင်သေးတယ်။ ကျွန်တော်က အမြုံဖြစ်နေတဲ့ အိမ်ထောင်သည်အမျိုးသမီးလိုမျိုးဆိုတာကမှ အမှန်လေ။

သူကဖြေတယ်။ 'အင်း' တဲ့။ သူ့အဖြေစကားနဲ့ မျက်နှာကိုကြည့်ရတာ အပြစ်တစ်ခုကိုခံစားနေရသလိုဘဲ။ ဘာကြောင့်လဲ။ သူကျွန်တော့်ကို သစ္စာဖောက်ထားလို့လား။

ကျွန်တော်တို့စကားများခဲ့တယ်။ ဘာကြောင့်ဆို ကျွန်တော်က ရှိသမျှသတ္တိတွေစုပြီး နားမကြားတစ်ယောက်ရယ် သူ့ညီမရယ်နဲ့ မပတ်သတ်ဖို့ပြောလို့လေ။ သူကပြောတယ်။ ကျွန်တော်က စိတ်သဘောထားသေးသိမ်တယ်တဲ့။ ကျွန်တော်က ကျွန်တော်က....

You've reached the end of published parts.

⏰ Last updated: Jan 03, 2022 ⏰

Add this story to your Library to get notified about new parts!

လန်း(Zawgyi + Unicode)Where stories live. Discover now