လိမ်လည်မှုများ

45 8 0
                                    

*****

မနက်ခင်းနေရောင်ခြည်က မျက်နှာပေါ်ကျရောက်လာတာကြောင့် လက်တစ်ဖက်နဲ့ကာလိုက်တယ်။ ပြီးတော့ ဘေးနားက ဘယ်သူမှမရှိတဲ့ အိပ်ယာကိုကြည့်မိပြီး ပြုံးလိုက်မိတယ်။ နာကျင်နေတဲ့အပြုံးမျိုးနဲ့ပေါ့။ သူမလာခဲ့ဘူးဘဲ။ ချိန်းထားတဲ့နေရာကိုမလာခဲ့သလို ချော့မော့ဖို့တောင် အိမ်ကိုရောက်မလာခဲ့ဘူး။ သူနဲ့ကျွန်တော် လက်ထပ်ခဲ့ကြတယ်ဆိုပေမယ့် ရုံးဝန်ထမ်းဖြစ်တဲ့ကျွန်တော်က နေရာအပြောင်းအရွေ့ များတာကြောင့်တစ်နေရာစီ သီးသန့်ဖြစ်နေတက်တယ်။ ခုလည်းကျွန်တော်တို့ကတစ်ယောက်တစ်နေရာစီမှာ နေထိုင်ကြရတာကြောင့် ဝေးကွာမှုကပိုတိုးလာတာထင်ပါရဲ့။ ကျွန်တော်တို့ဝေးကွာမှုကိုထိမ်းချုပ်နိုင်ဖို့ ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့တယ်။ တစ်ပတ်မှာတစ်ရက်ပိတ်တိုင်း သူ့ဆီကျွန်တော်ရောက်အောင်သွားတယ်။သူကလည်း အချိန်တိုင်းနီးပါးရောက်လာတက်ပါတယ် အရင်ကပေါ့လေ။

ကျွန်တော်စဉ်းစားမိတယ်။ ဘာကြောင့်လဲ။ သူပြောင်းလဲသွားတာဘာကြောင့်များလဲ။ ကျွန်တော်အရင်က သူ့အတွက်အလုပ်ကိုစွန့်လွှတ်လိုက်ဖို့ထိတွေးဖူးတယ်။ ကျွန်တော်ကြောက်လို့။ သူနဲ့ကျွန်တော်ဒီလိုနေ့မျိုးတွေရောက်လာမှာကြောက်ခဲ့လို့။ ဒါပေမယ့် သူကပြောတယ်။

"ကျွန်တော့်ကြောင့် အကိုပိုင်ဆိုင်တာတွေ စွန့်လွှတ်ဖို့မလိုဘူး အကို့ရဲ့အလုပ်အပါအဝင် ဘာကိုမှလက်လျော့စရာမလိုပါဘူး ကျွန်တော့်ရဲ့အချစ်တွေကိုယုံကြည်ပေးပါ" တဲ့။

ကျွန်တော်ယုံကြည်ခဲ့တယ်။ သူ့စကားလုံးတိုင်းကိုမှတ်ထားပြီး မျက်စိမှိတ်ယုံခဲ့တယ်။ သူ့အချစ်က ကျွန်တော်တို့နှစ်ယောက်အမြဲအတူရှိနိုင်ဖို့ လုံလောက်အောင်အားကောင်းပါတယ်လို့။ ခုချိန်မှာ အဲ့ဒီယုံကြည်မှုက သိပ်ကိုရယ်စရာကောင်းနေပေမဲ့ပေါ့။

တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးတဲ့နောက် အိမ်ရှေ့ထွက်ဖို့တံခါးဖွင့်လိုက်တဲ့အချိန် ကျွန်တော်အံ့ဩသွားရတယ်။ ဘာကြောင့်ဆို တံခါးနားမှာရပ်နေတာက သူဖြစ်နေလို့ပါဘဲ။ သူ့လက်ထဲမှာမနက်စာအတွက်ဝယ်ခဲ့တဲ့အထုတ်တွေရှိနေပြီး ကျွန်တော့်ကိုပြုံးပြလာတယ်။ သူ့အပြုံးကအရင်ကလိုမပြောင်းမလဲ ရှိနေတုန်းဆိုပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ သူ့အပြုံးက နှစ်သိမ့်အပြုံးတစ်ခုလိုထင်မှတ်နေမိတယ်။

လန်း(Zawgyi + Unicode)Where stories live. Discover now