မငြင်းပယ်နိုင်

36 9 0
                                    

*****

ကျွန်တော်ရေချိုးခန်းထဲက ထွက်လာချိန်မှာတော့သူက စားလို့ပြီးသွားပြီထင်ပါရဲ့ အားလုံးဆေးကြောဖို့တောင် ဘေစင်ရောက်နေပြီ။ သူကကျွန်တော့်ကိုအနည်းငယ်မော့ကြည့်ယုံလေးကြည့်ပြီး ပြန်ခေါင်းငုံ့သွားတယ်။ နောက်ပြီး ပြောလာတယ်။

"တစ်နေရာရာသွားချင်တာရှိလား"

"မရှိဘူး"

ကျွန်တော် စဉ်းတောင်မစဉ်းစားဘဲ ချက်ချင်းငြင်းလိုက်တယ်။ ကျွန်တော်ညာနေတာမဟုတ်ဘူး။ တကယ့်ကို သွားချင်စိတ်ရှိမနေတာ။ သူကဘာမှတော့ပြန်ပြောမလာဘဲ ခေါင်းသာညိတ်နေတယ်။ အခြေအနေက တကယ်ကိုနေရထိုင်ရခက်ခဲတဲ့အခြေအနေပါဘဲ။

ကျွန်တော်တို့နှစ်ယောက်လုံး ဆိုဖာပေါ်မှာ တိတ်ဆိတ်စွာထိုင်နေကြတယ်။ TV ကိုမျက်နှာမူထားကြပေမယ့် ဘာအစီအစဉ်လာနေတယ်ဆိုတာတော့ မသိကြပါဘူး။

"အလုပ်ထွက်တော့မယ်"

ကျွန်တော့်ဆုံးဖြတ်ချက်ကို သူ့ကိုအသိပေးလိုက်တယ်။ ဟုတ်တယ် ကျွန်တော်အလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒီလိုသာဆက်သွားနေရင် ကျွန်တော်တို့ဝေးသွားတော့မယ်လို့ ခံစားနေရတယ်။ သူက ကျွန်တော့်ကိုတအံ့တဩကြည့်လာတယ်။

"အလုပ်မှာ အဆင်မပြေလို့လား"

"ဆိုပါတော့"

ကျွန်တော့်ရဲ့အဖြေကို သူကခေါင်းလေးသာညိတ်ပြီး တုန့်ပြန်လာပြန်တယ်။ ကျွန်တော့်ပေါင်ပေါ်တင်ထားတဲ့လက်ကို သူကဖွဖွလေး လာပြီးဆုပ်ကိုင်လိုက်တယ်။

"အဆင်မပြေရင်ထွက်လိုက်ပါ"

ပြီးတော့ ကျွန်တော့်လက်ကိုသူ့ပါးစပ်နားကပ်ပြီး နမ်းနေတယ်။ ဒါက အပြစ်လုပ်ထားတဲ့သူတစ်ယောက်ရဲ့ တောင်းပန်တဲ့ပုံစံမျိုးများလား။ကျွန်တော် အရာရာကို သံသယနဲ့ကြည့်နေမိပြီထင်ပါရဲ့။

ဒီနေ့တစ်နေ့လုံးသူက ကျွန်တော့်ဘေးမှရှိနေတယ်။ မနက်က နေရထိုင်ရခက်တဲ့အခြေအနေတွေကိုကျော်လွန်ပြီး သက်တောင့်သက်သာဖြစ်တဲ့အခြေအနေပြန်ရောက်လာတယ်။ ကျွန်တော့်က ဆိုဖာမှာမှီထိုင်နေပြီး သူကကျွန်တော့်ပေါင်ပေါ်ခေါင်းတင်လှဲနေတယ်။ သူ့ရဲ့မျက်လုံးတောက်တောက်တွေက ကျွန်တော့်ကိုအချိန်ကြာကြာကြည့်နေတယ်။

လန်း(Zawgyi + Unicode)Where stories live. Discover now