[Zawgyi]
ကံကြမ္မာဆိုတာကြီးကအဆိုးချည်းပဲမဟုတ်ပေမယ့်ကျနော့်အတွက်တော့ကံကောင်းခြင်းတွေဟာခင်ဗျားထွက်သွားကတည်းကပျောက်ဆုံးခဲ့ရတာ...အခုခင်ဗျားပြန်လာတော့မယ်တဲ့..ခင်ဗျားနဲ့အတူကျနော့်ရဲ့ပျော်ရွှင်ခြင်းတွေပြန်ပါလာနိုင်မလား..ဒါကတော့တကယ်ကိုမမျှော်လင့်သင့်တဲ့အရာပဲ..ဒါပေမယ့်ဒီအရူးကမျှော်လင့်နေမိတယ်chan..
"Baekhyun shi...Chanyeol koreaကိုဒီနေ့ပြန်လာမှာတဲ့..သူ့သူငယ်ချင်းတွေသွားကြိုနေကြတယ်.."
ကြိုသိပြီးသားကိစ္စမို့ပြုံး၍သာတုံ့ပြန်လိုက်မိသည်..
"မောင်လေးသွားမတွေ့ဘူးလား..ဘယ်လိုပဲဖြစ်ဖြစ်နင်သူ့ကိုလွမ်းနေတာမဟုတ်လား..၅နှစ်တောင်ကြာနေပြီပဲလေ..ပြီးခဲ့တာတွေထားခဲ့ပြီးသွားကြိုလိုက်ပါလား.."
ခေါင်းသာညိတ်ပြလျှက်ကျနော်တိတ်ဆိတ်နေမိသည်..သွေးအေးနေလို့လား..မဟုတ်ဘူးchan..ကျနော့်ရင်ဘတ်ထဲဗလောင်ဆူနေတာ..ပြီးခဲ့တာတွေကမရှိခဲ့ရင်..မင်းငါ့ကိုထားခဲ့တာတွေကအိပ်မက်သက်သက်ဆိုရင်သိပ်ကောင်းမှာပဲ..
အလိုက်မသိတဲ့ကျနော့်ခန္ဓာကိုယ်ကခင်ဗျားပြန်ရောက်နေပြီဆိုတာနဲ့ခင်ဗျားရှိတဲ့နေရာကိုအရောက်လာခဲ့မိတယ်..အခုလည်းလေဆိပ်ထဲကိုကျနော်ရောက်နေမိပြီ..ဟော..လေယာဉ်တောင်ဆိုက်လာပြီပဲ..
လေယာဉ်ရှိရာကိုလှမ်းကြည့်မိသောအခါလေယာဉ်ပေါ်ကနေကြွကြွယွယွဆင်းလာသောchanကိုတွေ့ရ၏..ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်(သို့မဟုတ်)Park Chanyeolဆိုတဲ့ဂုဏ်ပုဒ်အတိုင်းတကယ်ကိုကြည့်ကောင်းတဲ့chan..သူ့အပြုံး သူ့အမူအရာ သူ့အသံ သူ့ဟန်ပန်..အားလုံးကperfectဖြစ်လွန်းလှတယ်...သူ့ကိုသည်းသည်းလှုပ်သဘောကျနေကြပါသော Crushမလေးများကသူ့နားအပြည့်လာကြိုနေကြ၏.."Wow....oppaအရမ်းချောလာတာပဲ..အရင်ထက်တောင်ပိုကြည့်ကောင်းလာတယ်..ကြွေပါပြီနော်.."
"ဟဲ့ဟဲ့..အဲ့ဒါငါ့oppaပါနော်..ဟုတ်တယ်မဟုတ်လားoppa.."
"ဒါပေါ့ဒါပေါ့..ကိုကမင်းလေးတို့အားလုံးရဲ့oppaပဲလေမဟုတ်ဘူးလား.."
ကျနော်ဒီမြင်ကွင်းတွေကိုမြင်ချင်လို့လာစောင့်နေတာမဟုတ်ဘူးနော်Chan..ခင်ဗျားပြုံးနေတယ်..အခုချိန်ထိခင်ဗျားပြုံးနေတုန်းပဲ..ကျနော်ကတော့ခင်ဗျားထွက်သွားကတည်းကအမြဲတမ်းငိုနေရတဲ့ကောင်..
YOU ARE READING
🚶အရုပ်ကလေး🏃[Completed]
Fanfiction[Zawgyi] မင်းခိုင်းစေရာမညည်းမညူလုပ် မင်းအလိုရှိရာဆောင်ပေးခဲ့တဲ့ငါဟာနောက်ဆုံးတော့လည်းမင်းရဲ့အရုပ်သက်သက်ပဲတဲ့လား.. [Unicode] မင်းခိုင်းစေရာမညည်းမညူလုပ် မင်းအလိုရှိရာဆောင်ပေးခဲ့တဲ့ငါဟာနောက်ဆုံးတော့လည်းမင်းရဲ့အရုပ်သက်သက်ပဲတဲ့လား.. #Toy