Zawgyi
လျို့ဝှက်ချစ်ရဲ့ဒိုင်ယာရီ
အခန်း (၁)
"ဟေ့ရောင် Yugyeom မပြီးသေးဘူးလား ငါ အလုပ်ရှိသေးတယ်။ မြန်မြန်လုပ် မင်းကျောင်းပို့ပြီးမှ သွားရမှာဆို ငါအလုပ်နောက်ကျလိမ့်မယ်"
Jinyoung တစ်ယောက် ညီဖြစ်သူ Yugyeom ကိုလှမ်းအော်လည်းအော် နာရီလည်း တစ်ကြည့်ကြည့်ဖြင့် အလုပ်နောက်ကျတော့မည်မို့ စိတ်တွေလောနေမိသည်။
"ဟာ…… ဇွတ်တွေကို လောနေတော့တာပဲ။ လာပြီလာပြီ ကိုတိကျရေ"
အစ်ကိုဖြစ်သူ၏ စာအုပ်စင်နားတွင် ရပ်နေသော အငယ်ကောင် Yugyeom မှ diary စာအုပ်လိုလို စာအုပ်တစ်အုပ်ကို လွယ်အိတ်ထဲသို့ ထိုးထည့်ပြီး အပြင်သို့ အပြေးအလွှားထွက်လာလိုက်သည်။ အိမ်တံခါးပေါက်နားတွင် စိတ်မရှည်သော မျက်နှာပေးဖြင့် ရပ်နေသော အကိုဖြစ်သူ Jinyoung အား တစ်ချက်သွားဖြီးပြလိုက်ရင်း
"တခါတလေလည်း နောက်ကျမှ သွားကြည့်ပါအုံးလား အကိုရာ" ဟု တီးတိုးပြောလိုက်သံနှင့်အတူ သူ့ခေါင်းလည်း Jinyoung၏ အိတ်စာမိသွား၍ ထူပူသွားလေသည်။ "အမြဲပဲ အကိုကို ပြန်ပြန်ပြောနေတော့တာပဲ။ ပြီးပြီမလား သွားမယ်" ဟုဆိုကာ တံခါးဖွင့်၍ ဦးဆောင်ထွက်လာလိုက်တော့သည်။
မိဘများ မရှိတော့သည့် နောက်ပိုင်း ဒီညီတစ်ယောက်ပဲ ရှိသည်မို့ အကိုလိုတစ်မျိုး မိဘလိုတစ်ဖုံ စောင့်ရှောက်ပေးခဲ့ရသလို သူငယ်ချင်းလိုပါ ပေါင်းသင်း၍ အလိုလိုက်ခဲ့သည်ဖြစ်ရာ Gyeomie လေးက ကလေးတစ်ယောက်လို သူအပေါ်ဆိုးချင်တိုင်း ဆိုးနေပေတော့သည်။ စာအုပ်တိုက်တစ်ခုတွင် editor အဖြစ် တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နေသော Jinyoung မှာ အိမ်ရောက်လျှင် ညီဖြစ်သူနှင့်အပြိုင် စကားနိုင်လုရ ဂိမ်းကူဆော့ပေးရနှင့် အလုပ်မှာ type တစ်မျိုး အိမ်မှာ type တစ်မျိုး နေထိုင်နေရသူပင်။
"အကိုအကို ဒီမှာ ဒီသီချင်း က လို့ကောင်းတယ်။ ဒီလိုလေး လိုက်လှုပ်ကြည့်ပါလား"
Yugyeom က ပြောလည်းပြော လက်တွေကိုလည်း ရှုပ်ယှက်ခက်နေအောင် လှုပ်ရင်း ကားမောင်းနေသော သူ့ကိုအဖော်ညှိနေသည်ကို တချက်စောင်းငဲ့ကြည့်ရင်း မနိုင်ဘူးဆိုသည့် သဘောဖြင့် သူခေါင်းခါရမ်းလိုက်သည်။ အိမ်မှာဆို အဲ့လိုပဲ Yugyeom နဲ့အတူ တခါတခါ လိုက်ကပေးတတ်ရသည်မို့ သူ့မှာ အိမ်ကို အလုပ်ကဧည့်သည် ရောက်လာပြီး မြင်သွားမှာကိုတောင် တခါတခါစိုးရိမ်နေရသည်။
"ကျောင်းရောက်ပြီ Gyeomie ဆင်းတော့ အပြန်လာမကြိုနိုင်လောက်ဘူး ကိုယ့်ဘာသာပြန်ခဲ့ ပြီးတော့ ငါဒီနေ့ အလုပ်များမယ် အိမ်ပြန်နောက်ကျမယ်။ ထမင်းစားဖို့ မေ့မနေနဲ့အုံး အကချည်းပဲကမနေနဲ့ ကြားလား"
ကားပေါ်ကဆင်းဖို့ ပြင်နေသော Yugyeom ကို အမိအရ မှာကြားရပြန်သည်။ အဲ့လိုမမှာရင် ဟိုdanceဒီdanceတွေ danceနေတာနဲ့ ထမင်းမေ့ဟင့်မေ့ဖြစ်တတ်လွန်းလို့ပင်။
"yes bro"
ဟုပြောရင်း Yugyeom က လက်ညှိုးနဲ့လက်ခလယ်ပူးကာ နဖူးနားကပ်ပြီး အလေးပြုသလိုလို လုပ်ပြပြီး ထွက်သွားလေသည်။
YOU ARE READING
လျှို့ဝှက်ချစ်ရဲ့ ဒိုင်ယာရီ
Fanfictionသိုဝှက်ထားတဲ့ ရင်ထဲက ချစ်ခြင်းတရားတွေ အချိန်တွေကြာပေမဲ့ ဘယ်မှာ ပြောင်းလဲနိုင်မှာလဲ။ ကြိတ်ခံစားနေရတာလေးတွေကို ဒိုင်ယာရီထဲချရေးလာခဲ့ရင်း ဖူးစာပြန်ဆုံဖို့ အကြောင်းဖန်လာတဲ့အခါ......