Part 4

47 6 0
                                    

ZawGyi

လျှို့ဝှက်ချစ်ရဲ့ ဒိုင်ယာရီ
အခန်း (၄)
4 July 2007
(Wednesday)
နေမကောင်းသေးပေမဲ့ မင်းကိုမမြင်ရတာ ကြာပြီမို့ အားတင်းပြီး ကျောင်းကို လာခဲ့တယ်။ မင်းရဲ့ အခန်းရှေ့က ဖြတ်လျှောက်တော့ မင်းရှိမလားလို့ ကြည့်မိသေးတယ်။ ဒါပေမဲ့ ကံမကောင်းတာလားပဲ။ အရမ်းသတိတွေရနေပေမဲ့ မင်းမျက်နှာကို မြင်ခွင့်မရခဲ့ဘူး။ နေ့လည်ပိုင်း ကိုယ်ဘယ်လိုမှ မခံနိုင်တော့လို့ နားနေခန်းထဲ သွားအိပ်နေခဲ့တယ်။ ငါအိပ်ပျော်သွားတုန်း အိပ်မက်မက်တယ် မင်းက ငါဘေးနားမှာရပ်ကြည့်နေရင်း နေမကောင်းမဖြစ်ပါနဲ့ကွာလို့ ပြောသွားတယ်။ အိပ်မက်ကလေးပဲလား တကယ်သာဖြစ်ခဲ့မယ်ဆိုရင်ရော………… အို မသိတော့ဘူး ဘာပဲဖြစ်ဖြစ် ဒါဟာ အိပ်မက်ကလေး ဖြစ်နေမယ်ဆိုရင်တောင် ငါကပျော်နေတယ်လေ။

5 July 2007
(Thursday)

"Yugyeom မလား"

ရုတ်တရတ် ခေါ်သံကြား၍ မော့ကြည့်လိုက်တော့ ကိုကြီး JB

"ဟာ ကိုကြီး breakfast လာစားတာလား"

ဖတ်လက်စ စာအုပ်ကို ပိတ်ကာ ပြန်နှုတ်ဆက်လိုက်သည်။

"ဟုတ်တယ် ကိုယ်က ဒီဆိုင်မှာထိုင်နေကျ ဒီဆိုင်က ကော်ဖီကလွဲရင် ကျန်တာမသောက်တတ်လို့လေ"

ပြန်ဖြေရင်း Yugyeom လက်ထဲက စာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။

"ဟာ ဒါဆိုရင်တော့ ကျနော့ အကိုနဲ့တူသွားပြီ။ ကျနော့ အကိုကလည်း ဒီဆိုင်မှဒီဆိုင်ဗျ"

"ဟုတ်လား ဒါနဲ့ အထုပ်အပိုးတွေများလှချည်လား ဘာအတွက်တုန်းကွ"

"သြော် ဒီနေ့ အကို့မွေးနေ့လေ မွေးနေ့ပွဲလေး လုပ်ပေးမလို့ပါ။ အဲ့ဒါ  မွေးနေ့ surprise လုပ်ပေးဖို့ လိုအပ်တာတွေ ဝယ်လာတာ"

"သြော် ဒီလိုလုပ် အပြန် ကိုယ်လိုက်ပို့ပေးမယ်လေ မင်း အထုပ်အပိုးတွေက များတယ်ဆိုတော့"

"အမ်းးးး ကောင်းသားပဲ ကိုကြီး တကယ်အချိန်က အဆင်ပြေရဲ့လား"

"ရပါတယ် ဒီနေ့ Schedule နည်းတယ် အေးဆေး"

သို့နှင့် breakfast စားပြီးနောက် နှစ်ယောက်သား ထွက်လာခဲ့လိုက်ကြသည်။

လျှို့ဝှက်ချစ်ရဲ့ ဒိုင်ယာရီWhere stories live. Discover now