Part 8

35 5 0
                                    

လျှို့ဝှက်ချစ်ရဲ့ ဒိုင်ယာရီ
အခန်း (၈)

"တွေ့ရတာ ဝမ်းပါတယ်" တဲ့လား အရင်က တိတ်တခိုး လိုက်ကြည့်နေခဲ့ရသူ ပြီးတော့ ၁၀ နှစ်ကျော်ကြာအောင် သတိတွေရနေခဲ့ရသူကို ပထဆုံးအကြိမ်တွေ့ဆုံခြင်းမှာ ပထမဆုံး ပြောမိခဲ့တဲ့ စကားတစ်ခွန်းက "တွေ့ရတာ ဝမ်းပါသာတယ်" ဆိုတဲ့ တစ်ခွန်းတည်းပဲလား။ ပြောဖို့စုဆောင်းထားပါတယ်ဆိုတဲ့ စကားလုံးတွေက ဘယ်ပျောက်ရှသွားရတာလဲ။

ဒီစကားတစ်ခွန်းပဲ ပြောနိုင်ပြီး ပြန်လာခဲ့မိသည့် သူ့ကိုသူ JB အပြစ်တွေ တင်နေမိသည်။

"ဒေါက် ဒေါက်"

တံခါးခေါက်သံကြောင့် မနေ့က Jinyoung နှင့်ဆုံခဲ့သည့် အကြောင်းတွေးနေသည့် JB အတွေးစ ပြတ်ကာ တံခါးသွားဖွင့်လိုက်တော့ Daddy…

"သား ပြီးရင်သွားရအောင် Bamie ကိုရော ခေါ်လိုက်အုံး"

ဒီနေ့ Mommy နှစ်ပတ်လည်ဖြစ်သည်။

"ဟုတ် Daddy"

ပြောပြီး JB အပေါ်ဝတ်အိင်္ကျီကို လှမ်းယူလိုက်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။ ပြီးနောက် Bamie အခန်းဘက် သွားလိုက်ကာ

"ဒေါက် ဒေါက် Bamie Bamie"

တံခါးခေါက်ကာ ခေါ်ပါသော်လည်း အသံမကြား။ သို့နှင့် တံခါးကို ဖွင့်ကာ အခန်းထဲ လှမ်းဝင်လိုက်တော့ Bamie ကအခန်းထဲမှာ မရှိပေ။

"ဟာ ဒီကောင်လေး ရှောင်ပြန်ပြီ"

Bamie က ထုံးစံအတိုင်း Mommy နှစ်ပတ်လည်ဆို အကြောင်းတစ်ခုခုဖြင့် ရှောင်ထွက်သွားလေ့ရှိသည်။ သူတို့ကလည်း အမြဲ Bamie ကို လိုက်ခဲ့ဖို့ မျှော်လင့်ချက်ဖြင့် ခေါ်လေ့ရှိပါသော်လည်း ဘယ်တုန်းကမှ မအောင်မြင်ခဲ့ပါ။

"Daddy… Bamie မရှိဘူး ရှောင်ထွက်သွားပြန်ပြီ ထင်တယ်"

"ဟင်းးး ဒီကလေးလည်း ဘယ်လိုနှစ်သိမ့် ရှင်းပြရမှန်းကို မသိတော့ပါဘူးကွာ ကဲပါ လာ တို့သားအဖပဲ သွားကြတာပေါ့"

Daddy က သက်ပြင်းခပ်ကျယ်ကျယ်ချလိုက်ရင်း ပြောလိုက်သည်။

သို့ဖြင့် Mommy နှစ်ပတ်လည်ကို JB နှင့် Daddy နှစ်ယောက်တည်းသာ Mommy ဆီသွားခဲ့ကြသည်။

လျှို့ဝှက်ချစ်ရဲ့ ဒိုင်ယာရီWhere stories live. Discover now