လျှို့ဝှက်ချစ်ရဲ့ ဒိုင်ယာရီ
အခန်း (၁၆) ဇာတ်သိမ်းပိုင်းJinyoung သိမ်းဆည်းစရာရှိသည်များကို သိမ်းဆည်းလိုက်ကာ ရုံးဆင်းရန် ပြင်လိုက်သည်။ ဒီနေ့ Yugyeom ရဲ့ Live Talk အစီစဉ်အား ကြည့်ပေးပါ့မည်ဟု ကတိပေးထားခဲ့သည်မလား။
"ဟာ Editor ကြီး ဒီနေ့တော့ အစောကြီး ပြန်တော့မှာလား"
နံဘေးမှ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အံ့သြတကြီး လှမ်းမေးလေသည်။
"အင်း ဒီနေ့ Gyeomie ရဲ့ Live program တစ်ခု ကြည့်ပေးပါ့မယ်လို့ ကတိပေးထားလို့"
"သြော် အဲ့လိုကြောင့်လား editor ကြီးရဲ့ ညီကတော့ဗျာ လွှတ်သန့်လွှတ်ချောပဲ အရပ်ကြီးကလည်း အရှည်ကြီးနဲ့ Smart ကျလိုက်တာမှ လွန်ပါလေရော Dance တွေဆိုလည်း သိပ်ကိုကြည့်ကောင်းတာဗျာ ဒီလိုညီမျိုး ရထားတာ editor ကြီးအတွက် ဂုဏ်ယူမိတယ်ဗျာ ဒါနဲ့ ကျနော်တို့နဲ့လည်း တစ်ရက်လောက် မိတ်ဆက်ပေးပါအုံးလားဗျ"
ထိုသူပြောနေသည့် စကားများကို Jinyoung ပြုံးကာ နားထောင်နေလိုက်ပြီး
"ကျေးဇူးဗျာ နောက်မှ ကျနော်တစ်ရက် အချိန်ယူပြီး အားလုံးနဲ့မိတ်ဆက်ပေးပါ့မယ် ခုတော့ Program လေး မမီမှာစိုးလို့ သွားခွင့်ပြုပါအုံး"
Jinyoung နှုတ်ဆက်ကာ အမြန်ထွက်လာလိုက်သည်။
မြန်ချင်သည့်နေ့မှ မီးပွိုင့်တွေကလည်း ကြပ်လိုက်ပါဘိ။
အိမ်ကိုရောက်ရောက်ချင်း TV ကိုဖွင့်လိုက်တော့ အစီစဉ်က စတောင်နေလေပြီ။
TV ကိုဖွင့်ထားလိုက်ကာ အခန်းထဲ အိတ်အမြန်ပြေးထားပြီး TV ရှေ့ အကျအနထိုင်ကြည့်လိုက်သည်။
TV ဖန်သားပြင်ပေါ်က အစီစဉ်မှာတော့ Bam Yugyeom တို့က တစ်ဖက် အစီစဉ်တင်ဆက်သူက တစ်ဖက်ထိုင်နေကြလျက်
"ဒါဆို Bam နဲ့ Yugyeom တို့က ငယ်ငယ်လေးကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်းတွေပေါ့။ ကြည့်ပါအုံး ဓာတ်ပုံလေးတွေထဲမှာ နှစ်ယောက်သား ပျော်နေကြတဲ့ပုံစံပဲ ဒါလေးတွေက ဘယ်တုန်းကရိုက်ထားတာလဲ ပြောပြမလား"
"ဒါက ကြာပြီ ကြာပြီမပြောလည်း သိပါတယ်လေ ဟဲဟဲ"
Bam က ဝင်ဖြေသည်။
YOU ARE READING
လျှို့ဝှက်ချစ်ရဲ့ ဒိုင်ယာရီ
Fanfictionသိုဝှက်ထားတဲ့ ရင်ထဲက ချစ်ခြင်းတရားတွေ အချိန်တွေကြာပေမဲ့ ဘယ်မှာ ပြောင်းလဲနိုင်မှာလဲ။ ကြိတ်ခံစားနေရတာလေးတွေကို ဒိုင်ယာရီထဲချရေးလာခဲ့ရင်း ဖူးစာပြန်ဆုံဖို့ အကြောင်းဖန်လာတဲ့အခါ......